ဆယ်စုနှစ်နီးပါး ချစ်ကြိုးသွယ်နေလျက်ရှိတဲ့ Rapအဆိုတော် ကျော်ထွဋ်ဆွေနဲ့ သရုပ်ဆောင် နန်းသူဇာကတော့ တကယ်ကိုမှ လိုက်ဖက်လှတဲ့ လူငယ်စုံတွဲလေးပါနော်။ မြင်သူတိုင်း အားကျအောင် Romantic ဆန်ဆန်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ မျှဝေပေးလျက်ရှိတဲ့ သူတို့နှစ်ယောက်ကို လူငယ်ပရိသတ်တွေက တစ်ခဲနက် အားပေးဝန်းရံနေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Kyaw Htut Swe's Fb Account
Photo credit - Kyaw Htut Swe's Fb Account

အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေပြီး အတူတွဲဖက်လုပ်ကိုင်လျက်ရှိတဲ့ သူတို့နှစ်ယောက်က ပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်လျှောက်လှမ်းနေသူတွေလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလို လူမှုကွန်ယက်ထက်မှာ နှစ်​ယောက်အတူပုံလေးတွေကို မျှဝေပေးလေ့ရှိတဲ့ သူတို့နှစ်ဦးက ယနေ့မှာလည်း ကြည့်မိသူတိုင်း အချစ်ပိုစေလောက်အောင် ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ 

Photo credit - Kyaw Htut Swe's Fb Account

ဒါကတော့ ချစ်သူ ကျော်ထွဋ်ဆွေကို နန်းသူဇာက သီတင်းကျွတ်မှာ ကန်တော့နေတာဖြစ်ပြီး " ဘုန်းကြီးပါစေ အသက်ရှည်ပါစေ ချစ်တဲ့သူကိုလည်း အလိုလိုက်နိုင်ပါစေနော် အသက်ကြီးပြီဆိုတော့ ဆေးဘူးနဲ့ပဲ ကန်တော့ခံရတော့တယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Kyaw Htut Swe's Fb Account

Source & Photo credit - Kyaw Htut Swe's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။