ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး နဝရတ်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သူဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ သူမရဲ့ အနုပညာအရည်အချင်းတွေက အံ့မခမ်းပါပဲနော်။ အငိုပိုင်းမှာလည်း ပီပြင်လွန်းသူမို့ ပရိသတ်တွေရဲ့ အသည်းစွဲလည်း ဖြစ်လို့နေပါတယ်။ 

Photo credit - Nawaratt KOKO's FB account
Photo credit - Nawaratt KOKO's FB account

နဝရတ်က အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်အားပေးမှုကိုတော့ ယနေ့တိုင်တစ်ခဲနက်ရရှိနေဆဲပါ။ သူမကလည်း လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ အမြဲဝေမျှလေ့ရှိသူမို့ ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာပါနော်။ ယနေ့မှာတော့ နဝရတ်က သူမ ဆယ်ကျော်သက်အရွယ်က အနီရောင်ကားတွေပေါ်မှာ ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ 

Photo credit - Nawaratt KOKO's FB account
Photo credit - Nawaratt KOKO's FB account

ကြည့်မိသူတိုင်း အကြိုက်တွေ့စေလောက်အောင် အမိုက်စားကားတွေပေါ်မှာ ခပ်မိုက်မိုက်ပိုစ့်တွေပေးကာ ရိုက်ကူးထားတဲ့ မင်းသမီး နဝရတ်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ....ချစ်ပရိသတ်တွေကလည်း မင်းသမီး နဝရတ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Nawaratt KOKO's FB account

Source & Photo credit - Nawaratt KOKO's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။