ချစ်သူရည်စားတိုင်မှာ အချစ်နဲ့တဏှာမကွဲတာတွေရှိပါတယ်။ ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်ရဲ့အချစ်ကို လိုချင်တာလား ဒါမှမဟုတ် သူက ကိုယ့်ကိုတဏှာထပြီးလာတွဲတာလား။ တချို့ဆို ချစ်လို့လိုက်လျောပြီး ကျန်ခဲ့ရတဲ့သူတွေရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူက ကို့ယ်ကိုချစ်တာလား တဏှာထားပြီး တပ်မက်လို့လာတွဲတာလားသိဖိုပပါတယ်။ ခုဆိုရင်တော့ အချစ်နဲ့ တပ်မက်ခြင်းတဏှာရဲ့ ကွာခြားချက်များကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

မကြာခဏဆိုသလို သင်ရဲ့ချစ်သူက သင့်ကို ချီးကျူးစကားတွေ အမွှန်းတင်စကားတွေကို ပြောတက်ပါမယ်။ ဒါပေမဲ့ အဲ့ဒီမှာ ကွဲပြားသွားတက်ပါတယ်။ သင့် Sexy ကျက ဝတ်ဆင်ထားတဲ့ချိန်မှာ ချီးကျူးပြီး သင့်ရဲ့နေပုံထိုင်ပုံ ဝတ်စားဆင်ယင်မှုက အိမ်နေပုံစံလိုဖြစ်နေချိန်မှာ မချီးကျူးပဲ အပြစ်တင်နေရင်တော့ အဲ့သူက အချစ်ထက် တဏှာပိုနေတဲ့သူဖြစ်ပါတယ်။ ချစ်တဲ့သူက ကိုယ့်ချစ်သူဘယ်လိုပုံစံဖြစ်ဖြစ် လက်ခံနိုင်ပြီး အမြဲတမ်း ချီးကျူးနေမဲ့သူပဲဖြစ်ပါတယ်။ ချစ်တဲ့အချိန်မှာ ရယ်ဖို့အတွက် သင့်မှာ အကြောင်းပြချက်မရှိသင့်ပါဘူး။ ရယ်ချင်းရင်ရယ်ပလိုက်ပါ...ကိုယ်ချစ်သူနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ 

အတွေးဟာလဲ မတူပါဘူး....ချစ်တဲ့သူတွေက ကိုယ်ချစ်သူနဲ့အတူ အမြဲတမ်း ပျော်ရွှင်ချင်ပြီး ကြည်နူးဖို့ပဲတွေးနေတက်ပါတယ်။ ဒါပေမဲ့ တဏှာမက်နေတဲ့သူကတော့ အချိန်တိုင်းဖတ်ပြီး နမ်းရှုတ်ဖို့နဲ့ အတူအိပ်ဖို့ပဲ နည်းလမ်းရှာနေတက်ပါတယ်။ ချစ်တဲ့သူတွေက ကိုယ်ကိုတိုင် ဘယ်အရာမဆို ချစ်သူနဲ့ပတ်သတ်ရင် ဘာကိုမှ ခံစားချက်မထားဘူး...ပြောချင်တာက ဝန်မလေးကြဘူး။ ကောင်မလေးဘင်ကလဲ ငါလုပ်မယ်...ကောင်လေးဘက်ကလဲ သူမကိုပေးလုပ်လိုက်လို့ ဝန်မလေးသွားတက်ဘူး။ ရာဂ တပ်မက်သူတွေကတော့ အဲ့လိုမဟုတ်ပဲ ချစ်သူကောင်လေးက အမြဲတမ်း Bill ရှင်းပေးဖို့ပဲ မျှော်လင့်နေပြီး ကောင်လေးဘက်ကလဲ ပုံသေအတိုင်းပဲ ရှင်းပေးတက်ကြပါတယ်။ ချစ်ရင်အပြန်အလှန်ပွင့်လင်းကြပါတယ်...ပုံသေအတိုင်းမသွားကြပါဘူး။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။