ပရိသတ်ကြီးရေ.....ဟာသလူရွှင်တော်ကြီး ဒိန်းဒေါင်ကတော့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်အောင်လုပ်ပေးပြီး ဘ၀အမောတွေပြေစေနိုင်တဲ့ လူရွှင်တော်ကြီးတစ်ယောက်ဖြစ်ပါတယ်နော်....။ 

သူဟာ အမြဲပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပြီးတော့ ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်အားပေးကြတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo credit - Dain Daung's FB account

ပရဟိတလုပ်ငန်းတွေကိုလည်း အားတက်သရောလုပ်ကိုင်တတ်သူဖြစ်ပြီး ချွန်တွန်း ပရဟိတအဖွဲကို ဦးစီးဦးဆောင်လုပ်ကိုင်ပေးနေသူပါနော်။ 

အမြဲလိုလို သူရဲ့ အဖွဲ့သားတွေနဲ့အတူ မရှိဆင်းရဲသား အခြေခံလူတန်းစားတွေအတွက် သွားရောက်အလှူပြုလေ့ရှိတဲ့ ဒိန်းဒေါင်က ယနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူတစ်ခုကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ 

Photo credit - Dain Daung's FB account

ဒါကတော့ မျက်စိဝေဒနာသည် ကလေးလေးကို ဆေးရုံကို ကိုယ်တိုင်လိုက်ပို့နေတာပဲ ဖြစ်ပါတယ်။ 

ကြည့်မိသူတိုင်း ပီတိဖြစ်ရလောက်အောင် လူရွှင်တော် သရုပ်ဆောင် ဦးဒိန်းဒေါင်က မွန်မြတ်လှတဲ့ အလုပ်ကို ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင် ဖြစ်တာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်.. ။ 

Photo credit - Dain Daung's FB account

Source &Photo credit - Dain Daung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။