ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတွေမှာ များစွာသရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားကြီး နေထူးနိုင်ကတော့ အခုလက်ရှိ Covid ရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာကို တွေ့ရပါတယ်နော်။ နေထူးနိုင်ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်အတော်များများက အကြိုက်တွေ့နေကြတာ​​ဖြစ်ပြီး ယနေ့တိုင် အားပေးမှုအခိုင်အမာရရှိနေဆဲ ဖြစ်ပါတယ်။

Photo credit - Nay Htoo Naing's FB account
Photo credit - Nay Htoo Naing's FB account

အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသလို အားလပ်ချိန်တွေမှာလည်း မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာနေထိုင်တတ်တဲ့ နေထူးနိုင်ရဲ့ ဘဝလေးက ပြီးပြည့်စုံပါတယ်နော်။ ချစ်စရာကောင်းတဲ့ သားသားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာဖြစ်ပြီး ယနေ့ကတော့ သားငယ်လေး ဘုဏ်းလင်္ကာရဲ့ ၇နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပါ။ မွေးနေ့မှာ ကုသိုလ်ကောင်းမှူတွေသာပြုလုပ်ပြီး ဖြတ်သန်းစေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nay Htoo Naing's FB account
Photo credit - Nay Htoo Naing's FB account

နေထူးနိုင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " အချစ်ငယ်လေး ဘုဏ်းလင်္ကာ ပါးနဲ့မားတို့ဘ၀ထဲ ရောက်လာတာ (၇)နှစ်ပြည့်ပါပြီပါးနဲ့မားအသည်းလေး ဘုန်ကြီးလို့အသက်ရှည်ပါစေကွယ် မွေးနေ့မှာ လေးလေးဂျွန်အတွက်ရည်စူးပြီး အိမ်ကဘုရားမှာ ‌နို့ခေါက်ဆွဲကပ်လှူ ဘုန်းဘုန်းများအားနေ့ဆွမ်းကပ် အိမ်ထောင်စု ၁၅စုအတွက် ဆန်ဆီအချိုမှုန့်နဲ့ကြက်ဥလှူ ပါပါးကခိုစာကျွေး သားလေးရဲ့ မွေးနေ့အလှူလေးကိုလေးလေးဂျွန်ထက်တူရရှိပါစေ" ဆိုပြီး ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Nay Htoo Naing's FB account
Photo credit - Nay Htoo Naing's FB account

Source & Photo credit - Nay Htoo Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။