ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ တစ်မှုထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပါနော်။ ဆုမြတ်နိုးဦးက အနုပညာလမ်းခရီးကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနေပြီး ယခုဆိုရင် နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုလောက်အောင် ပီပီပြင်ပြင် သဘာဝကျကျ လုပ်ဆောင်နိုင်တဲ့ သူလေးပါနော်။

Photo credit - Hsu Myat Noe Oo's Fb Account
Photo credit - Hsu Myat Noe Oo's Fb Account

ပရိသတ်အချစ်တော်မလေး ဆုမြတ်နိုးဦး ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားလည်း ပြည့်ဝတာကြောင့် ချစ်ခင်သူတွေပေါများနေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို ဆုမြတ်နိုးဦး က ပရိသတ်တွေအတွက် ချစ်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ခါတိုင်းနဲ့မတူတဲ့ ပင်ကိုယ်အလှတွေနဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပါနော်။

Photo credit - Hsu Myat Noe Oo's Fb Account
Photo credit - Hsu Myat Noe Oo's Fb Account

ဒါကတော့ သူမရဲ့ မနက်ခင်းနိုးထပုံကို ဗီဒီယိုလေးရိုက်ပြပြီး ပရိသတ်တွေ​ဆီချပြလာတာပါ။ ချစ်စရာခွေးလေးတွေနဲ့အတူ သာယာလှပတဲ့ နံနက်ခင်းလေးမှာ နိုးထလာတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာ ဖြစ်ပြီး " ကျွန်မရဲ့ ကမ္ဘာလေးပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်တွေက မင်းသမီးချောလေး ဆုမြတ်နိုးဦးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုပြီး Comments မှာ တစ်ခုခုရေးသားခဲ့ပါအုန်းနော်.... ။

Photo credit - Hsu Myat Noe Oo's Fb Account
Photo credit - Hsu Myat Noe Oo's Fb Account

Source & Photo credit - Hsu Myat Noe Oo's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။