ဒီအမျိုးသားကတော့ နယူးဇီလန်နိုင်ငံသား Jamie Grainger ပဲဖြစ်ပါတယ်။

သူဟာ သူငယ်ချင်းဖြစ်သူ Aurel နဲ့အလောင်းအစားတစ်ခုလုပ်ခဲ့ပြီး ဘောင်းဘီမပါပဲနဲ့ ပျားအုံပေါ်မှာ စက္ကန့်သုံးဆယ် ထိုင်ဖို့သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။

လောင်းကြေးကတော့ Jamie သာထိုင်နိုင်ခဲ့မယ်ဆိုရင် ဒေါ်လာတစ်ထောင်ရရှိမှာပဲ ဖြစ်ပါတယ်။

ဒီအလောင်းအစားကိုတော့ Aurel ဘက်ကစတင်ခဲ့တာဖြစ်ပီး သူတို့သူငယ်ချင်းတွေဟာ ယခုလို ပေါက်ကရပြိုင်ပွဲလေးတွေ ပြုလုပ်တဲ့အကျင့်တွေရှိကြပါတယ်။သူတို့ သူငယ်ချင်းကြားမှာ ပက်ကျိတွေ ဝက်ဝှေးစေ့တွေနဲ့ ငါးအရှင်တွေရဲ့မျက်လုံးတွေကို စားနိုင်မနိုင် အလောင်းအစားလုပ်လေ့ရှိပြီး ယခုအခါမှာလည်း ပျားအုံပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်နိုင်မလားဆိုတာလောင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအ​လောင်းအစားကိုတော့ သူတို့သူငယ်ချင်းတွေထဲကတစ်ယောက်က ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ပြီး ၁၉စက္ကန့်သာ ပျားအုံပေါ်မှာထိုင်နိုင်ခဲ့ပါတယ်။

နောက်ထပ်ယှဥ်ပြိုင်သူ Jamie ကတော့ စက္ကန့်သုံးဆယ်ပြည့်အောင် ပျားအုံပေါ်မှာထိုင်နိုင်ခဲ့တာကြောင့် လောင်းကြေးအတိုင်း ဒေါ်လာတစ်ထောင် ရရှိသွားခဲ့တယ်။

အောင်နိုင်သူ Jamie ကတော့ ဒီငွေတွေကို သူ့ရဲ့ မင်္ဂလာ စရိတ်အဖြစ် အသုံးပြုခဲ့ပေမယ့် ပျားအုံပေါ်မှာထိုင်နေရင်း တခုခုသာဖြစ်ခဲ့လို့ကတော့ Jamie ဘဝက မတွေးရဲစရာပါပဲ။

Source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။