ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူလေးကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်သံတွေကို အောင်မြင်မှုအဖြစ် ဖန်တီးယူရင်း အနုပညာလမ်းကြောင်းထက်မှာ ယုံကြည်မှုရှိစွာလျှောက်လှမ်းလာခဲ့တဲ့ ဖြူဖြူထွေးက ယခုဆိုရင် မြန်မာနိုင်ငံတွင်သာမကပဲ ကမ္ဘာကျော်ဆယ်လီများထက် ပရိသတ်တိုးပွားမှုနှုန်းမြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးရဲ့ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ အလှူတွေဆို လက်မနှေးပဲ လုပ်ဆောင်တတ်တာဖြစ်လို့ မြင်သူတိုင်းက အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ ရိုးရှင်းအေးချမ်းတဲ့ အလှတရားနဲ့ အသည်းယားစရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူလေးပါ။ လတ်တလောမှာတော့ ဖြူဖြူထွေးက ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးနေတာဖြစ်ပြီး အားလပ်တဲ့ အချိန်လေးတွေမှာလည်း အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာပါ။

Photo credit - Phyu Phyu Htwe's Facebook Account

ယနေ့မှာတော့ ဖြူဖြူထွေးက ကြည့်မိသူတိုင်း ရယ်မောသွားစေလောက်တဲ့ ရိုက်ကွင်းထက်က အခွီဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပါ။ ဒါကတော့ စျေးဝယ်ထွက်ရင်း အသား၊ ငါးဆိုင်တွေကို စျေးစစ်နေတဲ့ ဖြူဖြူတစ်ယောက်နောက်ဆုံးတော့ ကန်စွန်းရွက်နဲ့ပဲ စားရတော့တဲ့ ဗီဒီယိုလေးက ပရိသတ်တွေကို ရယ်မောမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

Source & Photo credit - Phyu Phyu Htwe's Facebook Account 

@whitehtwe

original sound - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။