ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်နေပြီး အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သူလေးပါ။ ဆုပန်ထွာက တစ်ချိန်က ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ကိုင်ခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဆုပန်ထွာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတာပဲဖြစ်ပါတယ်.......။

Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account

ဆုပန်ထွာက သာယာပျော်ရွှင်စရာကောင်းပြီး အများက အားကျရတဲ့ မိသားစုဘဝလေးကို နားလည်မှုအပြည့်ရှိပြီး အလိုလိုက်တဲ့ ခင်ပွန်းနဲ့အတူ တည်ဆောက်ထားကာ သူမနဲ့တူတဲ့ သားသားလေး Roar Roar Kyaw လေးကိုလည်း မွေးဖွားထားပါသေးတယ်။ သားသားလေးကို သေချာဂရုစိုက်ပျိုးထောင်နေရတာဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပေမယ့် ပရိသတ်တွေက ယခုထိတိုင် အားပေးနေဆဲပဲဖြစ်ပါတယ်......။

Photo credit - Supan Htwar's FB account

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် အလှပုံရိပ်လေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိတဲ့ ဆုပန်ထွာက ယနေ့မှာလည်း တင်ပေးလာပြန်ပါတယ်နော်။ ဒါကတော့ ရောင်စုံမီးပုံးလေးတွေ ကြားမှာ အေးဆေးတည်ငြိမ်စွာ လှပနေတဲ့ ဗီဒီယိုလေးဖြစ်တာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account

Source & Photo credit - Supan Htwar's FB account 

@supanhtwarkyaw

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် #@thinmyat132 @ymmt220971

Original Sound - Unknown

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။