ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်အောင်မြင်ခဲ့သူတွေဖြစ်တဲ့ သရုပ်ဆောင် မင်းသားချော မောင်နဲ့ မင်းသမီး ရီရီပွင်ဖြူတို့နှစ်ယောက်က နားလည်မှုရှိပြီး လက်တွဲခိုင်မြဲတဲ့ အချစ်ရေးလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့ သူတို့နှစ်ယောက်ကို လူငယ်ပရိသတ်တွေက အားကျချစ်ခင်နေတာဖြစ်ပြီး Relationship သက်တမ်းကလည်း အတော်ကြာပြီပဲ ဖြစ်ပါတယ်။

Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page

မောင်နဲ့ ရီရီပွင့်ဖြူက အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် အမြဲလိုလို ကြည်နူးစရာကောင်းတဲ့ နှစ်ယောက်အတူ ပုံလေးတွေကို ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိနေပြီး vlogလေးတွေကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးပြသလေ့ရှိသူတွေပါနော်။ ယနေ့မှာလည်း သူတို့နှစ်ယောက်ရဲ့ Pageလေးထက်မှာ ခရီးတွေအတူတူသွားခဲ့တဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာရင်း ဖတ်မိသူတိုင်း ကြည်နူးသွားရလောက်အောင် စာသားအချို့ကိုလည်း ရေးသားတင်ပေးထားပါသေးတယ်။

Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page

ဒါကတော့ " Relationship တိုင်းက သူ့နည်းသူဟန်နဲ့ အချစ်ကိုဖော်ပြကြတာချည်းပါပဲ မ Ro ဘူး ဆိုရင်တောင် အဲ့ဒါ Ro နည်းတမျိုးပါပဲ ကိုယ်မှအချစ်ခံနေရတယ်လို့ ထင်နေတာဟာ မှားတယ် " ဆိုပြီး ရေးသားထားတာပါ။ ကဲ...ချစ်ပရိသတ်တွေလည်း သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။ 

Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page
Photo credit - SEIN PHYO & YI's Facebook Page

Source & Photo credit - SEIN PHYO & YI's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။