ချစ်ပရိသတ်ကြီးရေ ဆယ်စုနှစ်တစ်စုတိုင် အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေပြီး ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိပဲ အရွယ်တင်နုပျိုလှပနေတဲ့ သူလေးကတော့ သရုပ်​ဆောင် မင်းသမီးချော ခိုင်သင်းကြည် ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ဟာ အားကျစရာမိသားစုဘ၀လေးကိုလည်း တည်ဆောက်ထားပြီး သူမရဲ့ သမီးချောလေးဖြစ်တဲ့ စံထိပ်ထားဦးဟာလည်းအနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

Photo credit - San Htae Htar Oo's FB account
Photo credit - San Htae Htar Oo's FB account

ခိုင်သင်းကြည် တို့ မိသားစုလေးဟာ အမြဲလိုလို ပျော်ရွှင်စရာတွေ ဖန်တီးနေပြီး နွေးထွေးပြီး သာယာဖွယ်ကောင်းတာလည်းဖြစ်ပါတယ်။ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိပြီး ပြည်တွင်းခရီးစဥ်တွေကိုလဲ သွားရောက်လည်ပတ်တတ်တာကြောင့် ပရိသတ်တွေက အားကျနေတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း Covid -19 ရောဂါကြောင့် သူတို့မိသားစုလေးက အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ 

Photo credit - San Htae Htar Oo's FB account

ရောဂါတွေကြောင့် အိမ်မှာပဲ နားနားနေနေ နေထိုင်ရလို့ သမီးလေး အပျင်းပြေစေဖို့အတွက် ဓာတ်ပုံလှလှလေးတွေကို မေမေ ခိုင်သင်းကြည်က ကိုယ်တိုင်ရိုက်ပေးပြီး ချစ်ပြနေတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပညာသာမကပဲ ဓာတ်ပုံရိုက်လည်းတော်တဲ့ မေမေကြောင့် ထိပ်ထိပ်လေးက အရင်ကထက် ချစ်စရာကောင်းတာကိုလည်း ပရိသတ်တွေ ကြည်ရှုစေနိုင်ရန် အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit - San Htae Htar Oo's FB account

Source & Photo credit - San Htae Htar Oo's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။