ဒီအမျိုးသားကတော့ အသက် 41 နှစ်အရွယ် ဘရာဇီးနိုင်ငံက tattoo artist တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူဟာ သူ့ကိုယ်သူ လူသား Orc လို့အမြဲခေါ်ဆိုခဲ့ပြီး သူ့ရဲ့ပုံစံကိုလည်း Orc တစ်ကောင်နဲ့တူဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

၄င်းအမျိုးသားဟာ အခုဆိုရင် မျက်လုံးအပါအဝင် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ 80 ရာခိုင်နှုန်းလောက်ကို monster တစ်ကောင်လိုဖြစ်အောင် တက်တူးတွေထိုးထားပြီနေပဲ ဖြစ်ပါတယ်။

သူ့ရဲ့မျက်နှာက အထူးခြားဆုံးတစ်ခုကတော့ Orc နဲ့တူစေမယ့် အစွယ်တွေကို ပိုက်ဆံများစွာ အကုန်ကျခံပြီး ပြုလုပ်ထားတာပါပဲ။

သူ့ရဲ့ပုံစံက အခုဆိုရင် ဘယ်လောက်ကြောက်စရာ ကောင်းနေလဲဆိုတာကတော့ ပရိသတ်တွေ မြင်နေရတဲ့ ပုံထဲကအတိုင်းပါပဲ။

သို့ပေမယ့် ၄င်းအမျိုးသားဟာ သူ့ရဲ့ဒီပုံစံကို စိတ်ကျေနပ်မှုအပြည့်အဝ မရရှိသေးပါဘူး ၊ သူ့ရဲ့စိတ်ကူးထဲကလို monster တစ်ကောင်နဲ့တူဖို့ ဆက်လက်ပြုလုပ်သွားဦးမှာပါ။

မိဘတွေနဲ့ သူငယ်ချင်းတွေက သဘောမကျပေမယ့်လည်း သူ့ရဲ့ဝါသနာနဲ့ စိတ်ကူးအိမ်မက်အပေါ် ရူးသွပ်မှုကတော့ တကယ့်ကို သြချရလောက်အောင်ပါပဲ။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။