နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ စုံတွဲလေးလို့ သတ်မှတ်ခံထားရတဲ့ သင်ဇာနွယ်ဝင်း တို့ ဇနီးမောင်နှံကတော့ လှပတဲ့ မော်ဒိုက်ကျွန်းလေးရဲ့တူနှစ်ကိုယ်ခရီးစဉ်ကနေ ပြန်ရောက်နေပါပြီ။

လူမှုကွန်ရက်မှာလည်း သင်ဇာနွယ်ဝင် းနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ကြည်နူးမှုပုံရိပ်လေးတွေက ချစ်စရာကောင်းလွန်းလို့ လူပြောများနေပါတယ်။

အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေနားလိုက်ပြီဆိုတဲ့ မမဗိုက်လေး သင်ဇာ ကတော့ ဇူလိုင်လ(၈)ရက်နေ့က ဆီဒိုနာဟော်တယ်မှာကျင်းပတဲ့ My Dream Wedding ပွဲကို ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးစွာ ပွဲတက်လာတာကို တွေ့ရပါတယ်။

ကိုယ်ဝန်လွယ်ထားရတဲ့ သင်ဇာနွယ်ဝင်းတစ်ယောက် ခင်ပွန်းရဲ့ ချစ်ခင်အလိုလိုက်ခံထားရပြီး မျက်နှာလေးက ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေဆဲပါပဲ။

ပရိသတ်ကြီးရေ သင်ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ ရဲ့ ချစ်စရာကောင်းတဲ့ပ ုံရိပ်တွေကို ခံစားကြည့်ပါဦး။  

သတင်းအရင်းမြစ် thinzarnwe win fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။