ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ချမ်းမီမီကိုကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာခဲ့တာ အတော်ကြာပြီဖြစ်ပြီး ယခုအချိန်မှာ တဖန် ပရိသတ်ရင်ထဲ ဝင်ရောက်လာခဲ့ပြန်ပါပြီနော်။ သူမက ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။

Photo credit - Chan Me Me Ko's Fb Account
Photo credit - Chan Me Me Ko's Fb Account

မျက်နှာလေးက ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့အပြင် ကိုယ်လုံးလေးကလည်း ကျစ်လျစ်သွယ်လျတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်နော်။ ယခုအချိန်မှာတော့ ချမ်းမီမီကိုက သားသားလေးတစ်ယောက့နဲ့အတူ ဘဝရဲ့ လောကဓံကို ကြံကြံခံရင်ဆိုင်နေတာဖြစ်ပြီး အပြုံးမပျက်ပဲ ပရိသတ်တွေအတွက် အသစ်သစ်သော အနုပညာလှုပ်ရှားမှုတွေကို ချပြလေ့ရှိနေတာပါ။

Photo credit - Chan Me Me Ko's Fb Account
Photo credit - Chan Me Me Ko's Fb Account

ယနေ့မှာတော့ ချမ်းမီမီကိုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " အမေကTV ကြည့်ရင်းမုန့်စားနေတာ ဟဲ့နင်က လန့်တာဟယ်တဲ့ " ဆိုတဲ့ စာသားလေးနဲ့အတူ Tiktok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပါ။ ဒါကတော့ ချမ်းမီမီကိုက စကားများတဲ့ သူကို ရန်တွေ့နေတဲ့ ပုံစံလေး ဆော့ကစားထားတဲ့Tiktokလေးဖြစ်တာကြောင့် ကြည့်မိသူတိုင်း အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Chan Me Me Ko's Fb Account

Source & Photo credit - Chan Me Me Ko's Fb Account 

@chanmemeko

You are beautiful - 若心RuoSin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။