ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်စမ်းချောင်း (သုသု)ကတော့ လက်ရာမြောက်တဲ့ ပြင်ဆင်ခြယ်သမှုတွေကြောင့် အနုပညာလမ်းကြောင်းထက်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေသူပါ။ သုသုက မိတ်ကပ်ခြယ်သမှုတော်လွန်းတာကြောင့် မြန်မာနိုင်ငံထဲက ထိပ်တန်းအနုပညာရှင်တွေရဲ့ လက်စွဲတစ်​ယောက်လည်း ဖြစ်လို့နေပါတယ်။ 

Photo credit - Nyi Nyi Maung's Fb Page
Photo credit - Nyi Nyi Maung's Fb Page

သူမခြယ်သပေးခဲ့ရသူတွေထဲမှာ နိုင်ငံကျော် မင်းသမီးကြီး နန္ဒာလှိုင်ကလည်း တစ်ယောက်အပါအဝင်ပါနော်။ နန္ဒာက ယခင် ဗီဒီယိုခေတ်တွေမှာ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီး ယခုလို အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေချိန်မှာတောင် ပရိသတ်အားပေးမှုကို များစွာရရှိထားဆဲ ဖြစ်ပါတယ်။ သုသုနဲ့လည်း ညီအစ်မတွေလို နွေးထွေးစွာ ဆက်ဆံပြောဆိုလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Photo credit - Nyi Nyi Maung's Fb Page
Photo credit - Nyi Nyi Maung's Fb Page

ယနေ့မှာတော့ သုသုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ငယ်ဘဝ ပြက္ခဒိန် photo ရူတင် အမှတ်တရ အဲထဲကမလျော့တာ ပိုစ်ကိုပေး မလတ်ဘေးမှာ " ဆိုပြီး နန္ဒာလှိုင်နဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးထဲမှာ နှစ်ယောက်သား ခင်မင်ရင်းနှီးမှုကို ဖော်ပြနေတာဖြစ်ပြီး ချစ်စရာကောင်းလွန်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Nyi Nyi Maung's Fb Page
Photo credit - Nyi Nyi Maung's Fb Page

Source & Photo credit - Nyi Nyi Maung's Fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။