အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ဝုဒ်အသင်းသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဖြစ်တဲ့ ချယ်ဆီးနှင့်လီဗာပူးတို့၏ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ရူဘင်နီးဗက်စ်ကိုခေါ်နိုင်ခဲ့ပါတယ်။ 

အသက်၂ဝအရွယ်ရှိပေါ်တူဂီကလပ် ပေါ်တိုကစားသမား ရူဘင်နီးဗက်စ်ကို အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ဝုဒ်အသင်းသည် အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၁၅.၈သန်းပေးပြီးခေါ်ယူခဲ့တာပါ။

ချန်ပီယံလိဂ်တွင် ၂၀၁၅ခုနှစ်ကအသက်၁၈နှစ်အရွယ်နှင့် အသက်အငယ်ဆုံးခေါင်းဆောင်အဖြစ်စံချိန်တင်ထားသူ ရူဘင်နီးဗက်စ်တစ်ယောက် ချန်ပီယံလိဂ်ကစားနိုင်ခွင့်ရှိသည့်နေရာကနေ ချန်ပီယံရှစ်လိုလိဂ်ကိုပြောင်းခဲ့တာကြောင်း ဘောလုံးလောကကလူတွေအံ့သြခဲ့ရပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။