အချိန်တိုင်းလိုလို ဟာသတွေ တောင်ပြောမြောက်ပြော ပြောဆိုနေကာ အူကြောင်ကြောင်ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Deadpool ကတော့ ရုပ်ရှင်ပရိသတ်တွေ Comicပရိသတ်တွေနှင့် မစိမ်းတဲ့ဇာတ်ကောင်တစ်ကောင်ပါ။

ယမန်နှစ်က ပရိုဂျူဆာတွေခက်ခက်ခဲခဲရှာဖွေခဲ့ရကာ R-Rating အဆင့်ရှိ ဘတ်ဂျက်အနည်းငယ်နှင့် ခြိုးခြံချွေတာရိုက်ခဲ့ရတဲ့ Deapool ကားက အလွန်အမင်းပေါက်ခဲ့ကာ ယခုအခါ သူ့ရဲ့ Sequel ဖြစ်တဲ့ Deapool 2ကိုရိုက်ကူးလျက်ရှိပါတယ်။

Deapool 2 မှာတော့ လက်ရှိမင်းသား Ryan Reynolds ပြန်လည်ပါဝင်လာမှာဖြစ်သော်လည်း ဒါရိုက်တာမှာမှု ပြောင်းလဲသွားပြီး David Leitch ကရိုက်ကူးနေတာဖြစ်ကာ Deadpool 2 ရိုက်ကွင်းမှပုံရိပ်အချို့ကိုတင်ပြလိုက်ပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။