သင့်အပေါ်သူ့သဘောထားကို သံသယဝင်နေပါသလား။ ဒါဆို ဒါကို ဖတ်ကြည့်ပါ။ ဒီအချက်တွေထဲက (၄)ချက်နဲ့ ကိုက်ညီနေတယ်ဆိုရင်ပဲ သူသင့်ကို အပေါ်ယံသာ သဘောထားရှိနေတာဖြစ်ပြီး တကယ်စိတ်ရင်းအမှန်မဟုတ်ပါဘူး။

၁။ သင့်အနားမှာမရှိတာ

သူသင်နဲ့ခဏခဏမတွေ့တာပဲဖြစ်ဖြစ်၊ သင်နဲ့တွေ့ရဖို့ မကြိုးစားတာ၊ အကြောင်းပြချက်တွေများနေခဲ့မယ်ဆို သူသင့်အပေါ် စိတ်ရင်းနဲ့မဟုတ်ပါဘူး။

၂။ သင်စကားပြောရင် သေချာနားမထောင်ဘဲ ပြောတာတွေကို မမှတ်မိတာ

သင်စကားပြောရင် သူတခြားကို အာရုံရောက်နေပါသလား။ ဒါမှမဟုတ် သင်အလေးအနက်ပြောတာတွေကို မမှတ်မိပဲ ခဏခဏတောင်းပန်နေတာတွေ များနေပါသလား။ သူသင့်ကို ခေါင်းထဲမှာ နေရာမပေးထားလို့ပါ။

၃။ တခြားယောကျာ်းလေးတွေနဲ့ သင်ဘယ်လို အဆက်အသွယ်ရှိလဲ စိတ်မဝင်စားတာ

ဘယ်ယောကျာ်းလေးမဆို ကိုယ်မြတ်နိုးရတဲ့မိန်းကလေး တခြားယောကျာ်းလေးတိုင်းနဲ့ ဆက်ဆံရေးအခြေအနေကို အမြဲစောင့်ကြည့်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ကောင်မလေးကို စိတ်ချတယ်ပြောပြော၊ မသိမသာစောင့်ကြည့် အကဲခတ်နေတာပါပဲ။ အကယ်၍ သူကစိတ်ဝင်စားမှုလုံးဝမပြဘူးဆို၊ သူ့စိတ်က သင့်အပေါ်မှာ သာမန်ကာလျှံပါဘဲ။

၄။ တခြားသူတွေကို ဆက်ဆံတဲ့အတိုင်း သင့်ကိုဆက်ဆံတာ

ဘယ်ယောကျာ်းလေးမဆို ကိုယ်နှစ်သက်တဲ့မိန်းကလေးကို တခြားသူတွေနဲ့မတူဘဲ အလေးထားဆက်ဆံကြပါတယ်။ သူ့ဘက်က တခြားသူငယ်ချင်းတွေကို ဆက်ဆံသလိုမျိုး သင့်အပေါ်သာမန်သာဖြစ်နေမယ်ဆို သူသင့်ကို လက်တွဲဖော်အနေနဲ့ မစဉ်းစားပါဘူး။

၅။ သင့်ဘဝအကြောင်းစိတ်မဝင်စားတာ

တကယ်သဘောကျတဲ့ မိန်းကလေးတိုင်းရဲ့ ဘဝထဲ တစ်စိတ်တစ်နေရာ နေရာယူလာချင်တာဟာ ယောကျာ်းလေးတိုင်းရဲ့ ဆန္ဒပါ။ သူက သင့်အကြောင်းရော၊ သင့်ဘဝအကြောင်းပါ တစ်စိုးတစ်စိတောင် စိတ်ဝင်စားမှုမပြရင် သင့်ဘက်ကနေ သူ့အပေါ်သေချာပြန်စဉ်းစားဖို့လိုပါပြီ။

၆။ သင့်ရှေ့မှာ တခြားမိန်းကလေးအကြောင်း အားရပါးရပြောတာ

သူ့ရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်း သင့်ကိုပြောပြတာက ကိစ္စမရှိပေမယ့် တခြားမိန်းကလေးအကြောင်းကို တကယ်လေးလေးနက်နက် ပြောပြနေခဲ့မယ်ဆိုရင် သူ့စိတ်က သင့်အပေါ်မရှိပါဘူး။

၇။ သင့်ကိုစပြီးမဆက်သွယ်တာ

သင့်ဘက်ကနေဘဲ မက်ဆေ့ဂျ်တွေ၊ ဖုန်းတွေခေါ်နေရပါသလား။ ရပ်တန်းကရပ်လိုက်ပါ။ သူ့အတွက်တော့ ဒါဟာ စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ သူသာစိတ်ပါမယ်ဆို သူ့ဘက်ကနေပဲ ဆက်သွယ်ဖို့ ကြိုးစားနေမှာပါ။

၈။တခြားသူတေအပေါ် အမြဲတစေ စကားပြောကောင်းနေတတ်တာ

သင့်အပေါ်မှာသာ အေးတိအေးစက်၊ သာမန်လိုဆက်ဆံပြီး၊ တခြားမိန်းကလေးတွေ၊ သူငယ်ချင်းတွေအရှေ့မှာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားမယ်ဆိုရင်တော့ သင့်ဘက်ကနေ ခပ်တန်းတန်းဆက်ဆံဖို့လိုပါပြီ။

၉။ အမြဲ အလုပ်ရှုပ်နေတာ

အလုပ်ရှုပ်နေတယ်ဆိုတာက သင့်ကိုခဏခဏပေးတဲ့ သူ့ရဲ့တစ်ခုတည်းသော အကြောင်းအရင်းဖြစ်နေပါသလား။ ဆက်ပြီး လိုအပ်တာထက်ပိုပြီး မဆက်သွယ်ပါနဲ့တော့။ သူသင့်ကို ဦးစားပေးချင်စိတ်မရှိလို့ပါ။

၁၀။ သင့်အပေါ်စိတ်မဝင်စားမှန်းသိသာတာ

ဘယ်မိန်းကလေးမဆို ကိုယ့်အပေါ်ယောကျာ်းလေးတစ်ယောက် စိတ်ဝင်စားလားဆိုတာ မသိမသာသိတတ်ကြပါတယ်။ ယောကျာ်းလေးဘက်ကနေလည်း မိန်းကလေးရိပ်မိလောက်နိုင်တဲ့ အချက်လေးတွေ လုပ်တတ်ပါတယ်။ အကယ်၍ သင်အဲလိုမခံစားရဘူးဆိုရင်တော့ သူသင့်ကို တခြားဘာစိတ်မှ မရှိဘဲ ရိုးရိုးသားသားဖြစ်နေလို့ပါ။

Source : vixen daily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။