အိုးထရက်စ်ဖို့မှအလွတ်ပြောင်းရွှေ့ကြေးနဲ့အဲဗာတန်သို့ပြန်လည်ထွက်ခွာသွားတဲ့ဝိန်းရွန်နီ

အသက်၁၈နှစ်အရွယ်၂၀၀၄ခုနှစ်ကတည်းကအဲဗာတန်ကထွက်ခွာလာခဲ့ပြီး သရဲနီပရိသက်တွေရဲ့ အသည်းကျော်ဖြစ်ခဲ့သူ ဝိန်းရွန်နီဟာ အခုဆိုရင် ကစားသမားဘဝစတင်ရာ အဲဗာတန်သို့အလွှတ်ပြောင်းရွှေ့ကြေးနဲ့ပြန်လည်ပြောင်းရွှေ့သွားပါပြီ ပြီးခဲ့တဲ့ရာသီက အရံခုံမှာအချိန်ကုန်ခဲ့ရတဲ့သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပွဲထွက်ခွင့်ရဖို့ရာ ရုန်းကန်ခဲ့ရပါတယ် နည်းပြရော်နယ်ကိုးမင်း နဲ့လက်တွဲပြီးလက်ရွေးစင်အသင်းနဲ့လာမည့်ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ပြောပါတယ်

အသက်၃၁နှစ်ရှိပြီဖြစ်သူရွန်းနီဟာ အဲဗာတန်အသင်းနဲ့ဆေးစစ်မှုခံယူခဲ့ပြီးအပြောင်းအရွေ့အသေးစိတ်ကိုထပ်မံကြေငြာသွားမှာပါ သူဟာ အဲဗာတန်အသင်းအတွက်ရရပွဲကစားခဲ့ဖူးပြီး၁ရဂိုးသွင်းယူပေးခဲ့ပါတယ် သတင်းများအရသူဟာ မန်ယူအသင်းမှာတပါတ်ပေါင်၃ဝဝဝဝဝရရှိနေပြီး အခုအပြောင်းအရွေ့မှာလစာတဝက် လျှော့ချပြီးစာချုပ်ခဲ့တယ်လို့သိရပါတယ် ဒီအပြောင်းအရွှေ့ဟာ အဲဗာတန်တိုက်စစ်မှူးလူကာကူမန်ယူရောက်ရှိလာခြင်းရဲ့တစိတ်တပိုင်းမဟုတ်ဘူးလို့သိရပါတယ် 

လာမည့်ရာသီမန်ယူအသင်းတွင်ရွန်နီဆက်ရှိနေပါက လစာ၁၃သန်းကျော်ပေးချေရမည်ဖြစ်ပြီး အရံခုံတွင်သာထိုင်နေပါက အင်္ဂလန်အသင်း၏ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ရန်မသေချာသောအခြေနေများကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရန်ဂူဒီဆင်ပတ်သို့ မန်ယူကြယ်ပွင့်ဟာပြောင်းရွှေ့သွားတာပါ

သတင်းအရင်းမြစ် dailymail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။