မြန်မာပြည်ရဲ့ ထိတ်ထိတ်ကြဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ထပ်ဆင့်အကယ်ဒမီမင်းသားလည်း ဖြစ်တဲ့ ပြေတီဦးကတော့ အနုပညာရှင်တွေကြား အစအနောက်သန်သူအဖြစ် နာမည်ကြီးလှပါတယ်။ အနုပညာမောင်နှမအချင်းချင်း ရှုတင်မှာတွေ့ရင်တွေ့သလို စလို့ ငိုကြယိုကြ ဖြစ်တဲ့အထိကို စတာပါတဲ့ ပရိသတ်ကြီးရေ...

သူဘယ်လောက်ထိ အစအနောက်သန်သလည်းဆိုတာနဲ့ပတ်သတ်လို့ 7day က လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ယခုလိုဖြေဆိုထားတာ တွေ့ရပါတယ်။

စတဲ့နောက်တဲ့နေရာမှာ တော့ နာမည်ကြီးပဲ။ မနေ့က တောင် သွန်းဆက်ငိုသွားသေး တယ်။ မနည်းပြန်ချော့ထားရ တယ်။ ဒေါ်လှလှမိုးတုန်းကဆို အဲ ဒီအခန်းဖြတ်ဆိုတာလေ ကိုဝိုင်း ရိုက်ပြီးတဲ့အချိန်ပေါ့။ အရမ်း လည်းပေါက်တော့ ရိုက်ထားတဲ့ သရုပ်ဆောင်တွေကလည်း ရိုက် သာရိုက်ထားတယ်။ ဘယ်အချိန် များ ပြဿနာတက်မလဲပေါ့။ ကျွန်တော်က ဒေါ်လှလှမိုးကို ထောက်လှမ်းရေးက ဗိုလ်မှူးပါ။ အထုပ်အပိုးပြင်ထားပါ၊ ညနေ လာခေါ်မယ်ဆိုပြီး ဖုန်းဆက်ပြီး စလိုက်တာ သူကလည်း ကြောက် နေတဲ့အချိန် ကျွန်တော့်အသံကို မမှတ်မိဘဲ ကြောက်လန့်ပြီး နှလုံး ဖောက်သွားတာ။ အဲဒါနဲ့ နှလုံး စက်ထည့်လိုက်ရတယ်။ နောက် ဦးဇော်ဝင်းနိုင်ဆိုရင်လည်း ခင် ဗျားကို ကျွန်တော်ရှုတင်မှာ လာ ဖမ်းရမလား၊ အိမ်မှာလာဖမ်းရ မလားဆိုပြီး ပြောလိုက်တော့ ကားရိုက်လို့မရဘူး။ အကျႌကြီး ချွတ်ပြီး ရှုတင်မှာပတ်ပြေးနေတာ။ အဲဒီလိုမျိုးတွေ အများကြီးပဲ။ ကစ်ကစ်(ဝတ်မှုံရွှေရည်)၊ ဖွေး ဖွေး၊ ချစ်သုဝေ ကျွန်တော့်ဒဏ် အခံရဆုံးတွေပေါ့။ ကစ်ကစ်ဆို ရှုတင်မှာစတာ ထိုင်ငိုတာ ရှုတင် နေ့တစ်ဝက် ဖြတ်ထားလိုက်ရ တယ်’’ လို့ ပြေတီဦးက ဆိုပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ "ရင်ဘတ်ထဲကဓား" "ငါက ဗိုလ်အောင်ဒင်" အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ဖို့ရှိသလို နောက်ထပ် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးဖို့ ရှိနေသေးတယ်တဲ့ ပရိသတ်ကြီးရေ....

Source: 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။