ပရိသတ်ကြီးရေ သရုပ်ဆောင်နေမျိုးအောင်ကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကို ရိုက်ကူးလာခဲ့တာဖြစ်လို့ ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော် ။ နေမျိုးအောင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယ‌‌နေ့အချိန်ထိတိုင်အားပေးနေကြဆဲဖြစ်ပြီး သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ‌ကြည့်ရှု့နေကြတာပဲဖြစ်ပါတယ်။

Photo credit - Nay Myo Aung's Facebook Account
Photo credit - Nay Myo Aung's Facebook Account

နေမျိုးအောင်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးပါတယ်နော်။ နေမျိုးအောင်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လတ်တလောမှာဆိုရင်တော့ မိသားစုနဲ့အတူ အိမ်မှာပဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Photo credit - Nay Myo Aung's Facebook Account
Photo credit - Nay Myo Aung's Facebook Account

မနေ့က ကျရောက်တဲ့ နေမျိုးအောင်ရဲ့ မွေးနေ့လေးမှာတော့ ကုသိုလ်ကောင်းမှူတွေ ပြုလုပ်ရင်း ဖြတ်သန်းနေတာဖြစ်ပြီး " မွေးနေ့အလှူ အလိုတော်ပြည့်ကျောင်းတွင် ppe ၁၀ စုံ ငွေကျပ် ၃ သိန်းအားလှူဒါန်းပါတယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ဇနီးချောလေးနဲ့အတူ အလှူပြုနေတဲ့ ပုံလေးတွေတင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသားကြီး နေမျိုးအောင်ကို မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။

Photo credit - Nay Myo Aung's Facebook Account
Photo credit - Nay Myo Aung's Facebook Account
Photo credit - Nay Myo Aung's Facebook Account

Source & Photo credit - Nay Myo Aung's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။