ပရိသတ်ကြီးရေ နိုဝင်ဘာလ ၈ရက်နေ့ကတော့ မြန်မာပြည်သူတွေ မဲဆန္ဒပေးခွင့်ရရှိတဲ့ နေ့ထူးနေမြတ် ရက်တစ်ရက်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း မဲရွေးချယ် ပေးခွင့်ရှိတာဖြစ်လို့ မိမိကြိုက်နှစ်သက်ရာ ပါတီကို မဲထည့်သွင်းနိုင်တာလည်း ဖြစ်ပါတယ်။ မဲပေးခွင့်ရရှိသူတွေထဲမှာမှ သရုပ်ဆောင် မင်းသမီး ဆုအိမ့်စံကလည်း တစ်​ယောက်အပါအဝင်ပါနော်။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

သူမကတော့ အရမ်းလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကိုပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း အရုပ်မလေးနဲ့တောင်တူပါတယ်နော်။ ဆုအိမ့်စံက အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လို့ ပရိသတ်တွေအားပေးနေရတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

ယနေ့မှာတော့ သူမက မဲရုံကို စောစီးစွာသွားရောက်တန်းစီခဲ့ပြီး မဲပေးခဲ့တဲ့ ပုံလေးတွေကို တင်ပေးလာကာ " ဆုဆု တာဝန်ကျေခဲ့ပါပြီ ချစ်ရတဲ့ အသဲနှလုံးတွေရော လက်သန်းလေးတွေ မန့်ကြအုံးနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မဲပေးပြီးပြီဆိုရင် Commentအောက်မှာ လက်သန်းပုံလေးတွေ မန့်ပေးခဲ့ကြပါအုန်းနော်.....။

Photo credit - Hsu Eaint San's Facebook Account

Source & Photo credit - Hsu Eaint San's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။