ပရိသတ်ကြီးရေ ယနေ့ နိုဝင်ဘာလ ၈ရက်နေ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ မဲပေးခွင့်ရရှိတဲ့ နေ့ရက်လေးပဲ ဖြစ်ပါတယ်။ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိတာဖြစ်ပြီး ယနေ့မှာ မင်းသမီးချောလေး ရွှေသမီးကလည်း မဲပေးခွင့်ရရှိခဲ့ပါတယ်။ မဲပေးရတဲ့ အတွေ့အကြုံလေးက ယခုလို လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေပေးထားပါသေးတယ်။ 

Photo credit - Shwe Thamee's FB page
Photo credit - Shwe Thamee's FB page

"ရွှေ မဲထည့်ခဲ့ပါပြီရှင့် မဲရုံနား ရောက်ခါနီးလေ စိတ်လှုပ်ရှားလေဘဲနော် မဲထည့်မဲ့အချိန်မှ စိတ်ပြန်တည်ငြိမ်သွားတယ် တခုခုအမှားအယွင်းဖြစ်မှာစိုးနေတာလေ ပုံအောက်မှာ စာလေးတွေရေးထားမှာမို့ မဲသွားမထည့်ရသေးတဲ့သူတွေဖတ်ကြည့်နော် သိချင်တာများရှိမေးလို့ရပါတယ်ရှင့် Edit တံဆိပ်တုံးကိုမှင်တို့ပြီး ဘေးနားကဘုတ်ပေါ်မှာ၂ချက်လောက်အရင်ထုပါ 

Photo credit - Shwe Thamee's FB page
Photo credit - Shwe Thamee's FB page

မဲစာရွက်ပေါ်မှာတော့ ဖွဖွလေးဘဲဖိပြီးမဲပေးပါ ရွှေမှင်တို့ပြီး ဘေးနားကဘုတ်မှာအရင်ဖိပေမဲ့ သုံးမဲမြောက်မှာတော့ နဲနဲဖိမိသွားတဲ့အတွက် မှင်နဲနဲပြန့်သွားပါတယ် ဘေးနားကလူကြီးတွေကတော့ရပါတယ်တဲ့ ပယ်မဲတော့မဖြစ်ပါဘူးတဲ့ အဲ့တော့သတိထားကြပါနော် စိတ်ထဲမသိတာ တခုခုစိုးရိမ်တာများရှိ သက်ဆိုင်ရာလူကြီးများအားချက်ချင်းမေးလို့ရပါတယ်ရှင့် "ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Shwe Thamee's FB page
Photo credit - Shwe Thamee's FB page
Photo credit - Shwe Thamee's FB page

Source & Photo credit - Shwe Thamee's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။