သက်တူရွယ်တူ မင်းသားတွေ အိမ်ထောင်တွေကျ မိသားစုဘဝတွေ ပျိုးထောင်နေနေကြပေမဲ့ ယနေ့တိုင် တစ်ကိုယ်တည်း လူပျိုကြီးလုပ်နေတဲ့ နေတိုးရဲ့ နှလုံးသားရေး ကိစ္စဟာ ပရိသတ်စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။ 

အနုပညာသားတိုင်း ပိုင်ဆိုင်ချင်တဲ့ အကယ်ဒမီဆုကိုလည်း ပိုင်ဆိုင်ထားသလို စစ်မှန်တဲ့ အနုပညာအရည်အသွေးတွေကြောင့် ပရိသတ်အခိုင်အမာရဲ့ မေတ္တာကို ရရှိထားတဲ့ နေတိုးကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး Duwun Media ကို ယခုလိုပဲ ပြောထားတာ တွေ့ရပါတယ်။

'' ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ အိမ်ထောင်ရေးကံမပါသေးဘူးလို့ပြောရမှာပေါ့၊ အိမ်ထောင်ကတော့ ပြုမှာပါ၊ ဘယ်တော့ လည်း ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်သလို ကျွန်တော့်ရဲ့ နှလုံးသားရေးနဲ့ပတ်သက်လို့ဖြစ်ပေါ်လာမယ့် အခြေအနေ အချိန်အခါ ဆိုတာကို ပြောပြလို့လည်း မရသေးပါဘူး။ ကျွန်တော့်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ နှလုံးသားရဲ့ဆန္ဒပေါ့၊ လူ့ရဲ့ စိတ်နဲ့ နှလုံးသားကိုအဓိက ယှဉ်တွေးပြီးတော့ပဲ ဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် နှလုံးသားနဲ့ဆုံးဖြတ်ဖို့ ရာခိုင်နှုန်းပိုများ ပါတယ်။ ဘယ်လို မိန်းကလေး မျိုးမှဆိုတဲ့ သတ်မှတ်ချက် ကျွန်တော့်မှာ မရှိပါဘူး၊စိတ်ရဲ့ ခံစားမှုအပေါ်မှာလည်း ကန့်သတ်ချက်မထားပါဘူး'' လို့ ပြောထားတာတွေ့ရပါတယ်။

လတ်တလောမှာတော့ ရှုတင်တွေဆက်တိုက်ရှိနေပြီး မကြာခင်မှာ ရုံတင်တော့မဲ့ "ကြောက် ကြောက် ကြောက်" ဇာတ်ကားကြီးအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ.....

Source: Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။