ဆောင်းယွန်းစံကတော့ အနုပညာလမ်းကြောင်းထက်ကို ဝင်ရောက်လာတာအချိန်အတော်ကြာပြီဖြစ်ပေမယ့် ရွှေကြိုမယ်အဖြစ် ပရိသတ်အများအပြားရဲ့ အသိအမှတ်ပြု အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိခဲ့သူပါ။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်လျက်ရှိတဲ့ ဆောင်းယွန်းက ယခုလက်ရှိ Covid ကာလမှာ ကြော်ငြာတွေနဲ့ Music video တွေသာ လက်ခံရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ဆောင်းယွန်းရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အနုပညာအရည်အချင်းတွေကြောင့် အားပေးသူပရိသတ် များစွာကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် စကားပြောဆို ပွင့်လင်းပြီး လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်တာကြောင့် မြင်ရသူတိုင်းက အချစ်ပိုနေတာလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလေ့ရှိတဲ့ ဆောင်းယွန်းက ယနေ့မှာလည်း တင်ပေးလာပြန်ပါတယ်နော်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ဒါကတော့ ဆောင်းယွန်းရဲ့ လူမှုကွန်ယက် Myday စာမျက်နှာထက်မှာ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ လှပတဲ့ မီးရောင်စုံတွေကြားမှာ မြူးကြွတဲ့ တီးလုံးလေးတွေအတိုင်း အပီအပြင် ကခုန်နေတဲ့ ဗီဒီယိုလေးဖြစ်တာကြောင့် ကြည့်မိသူပရိသတ်တိုင်း အချစ်ပို အသည်းယားမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်...... ။

Photo credit - Saung Yoon San's Facebook Account

Source & Photo credit - Saung Yoon San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။