ဒီအဖြစ်အပျက်ဟာ တကယ်တော့ ပြင်သစ်နိုင်ငံက တီဗီ အစီအစဉ်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။ တီဗီမှာ တိုက်ရိုက် ထုတ်လွှင့်တဲ့နေရာမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က နောက်တစ်ယောက်ကို နမ်းဖို့ ကောင်မလေးကို ပြောလိုက်ပါတယ်။ ကောင်မလေးက ငြင်းလိုက်တဲ့အခါမှာတော့ သူမရဲ့ ရင်သားကို နမ်းတာခံလိုက်ရတာပါ။

အဲ့ဒီအစီအစဉ်ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်ဖြစ်တဲ့ အတွက် မတည်းဖြတ်ဘဲ အကုန်လွှင့်ရပါတယ်။ ဆိုရာယာ ဆိုတဲ့ကောင်မလေးဟာ နာမည်ကြီး အစီအစဉ်ဖြစ်တဲ့ TPMP မှာ ရုပ်သံတင်ဆက်ရပါတယ်။ သူမရဲ့ အလုပ်ကတော့ ပြီးခဲ့တဲ့ အပတ်လောက်က ဖြစ်ပွားခဲ့တဲ့ ကင်မ်ကဒါရှန်ရဲ့ ဓားပြတိုက်မှုကို သရုပ်ပြန်ပြရမှာပါ။ သူမရဲ့ ပါတနာဖြစ်တဲ့ ဂျင်း မာရှယ် ကတော့ သူမကို ကယ်တဲ့ နေရာမှာသရုပ်ဆောင်ရမှာပါ။

သူတို့ သရုပ်ဆောင်အပြီး မှာ တော် အစီအစဉ် တင်ဆက်သူခေါင်းဆောင်ကနေပြီး ကောင်မလေးအား သူမကိုကယ်တင်တဲ့ အတွက် မာရှယ်ကို နမ်းသင့်တယ်ဆိုပြီးစပြောပါတော်တယ်။ ကောင်မလေးက မနမ်းချင်ဘူးလို့ပြောတဲ့အခါမှာလဲ အာ့ဆိုရင် စင်နောက်မှာနမ်းမလားလို ထပ်ပြီးစော်ကားခံရပြန်ပါတယ်။

ကောင်မလေး အကြိမ်ကြိမ်အခါခါငြင်းတာတောင် လက်မခဲဘဲ အတင်းအကျက်နမ်းလိုက်တဲ့အခါမှာတော့ ကောင်မလေးက သူမခေါင်းကို ရှောင်လိုက်ပါတော့တယ်။ ကောင်မလေးရဲ့ ပါးစပ်ကို နမ်းလို့မရတော့တဲ့အခါမှာ ချက်ချင်းဆိုသလိုဘဲ ကောင်မလေးရဲ့ ရင်ဘတ် နို့သားကို နမ်းလိုက်ပါတော့တယ်။ ကောင်မလေးခမျာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့အတွက် ဘာမှ ပြောဆိုခွင့်မရဘဲ မျိုသိမ့်ခဲ့ပေမဲ့ သူမ မနှစ်သက်တဲ့ပုံ ရှက်ရွံ့သွားတဲ့ပုံဟာ ပေါ်လွင်နေပါတော့တယ်။

သူတို့နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး ဝန်ကြီးချုက်အပါအဝင် ကြည့်ရှု့သူတော်တော်များများက တိုင်ကြားခဲ့ပြီး အခုတော့ ကာမဆိုင်ရာ ထိပါးမှု (Sexual Assault) နှင့်အတူ တရားစွဲဆိုခံထားရတယ်လို့ဆိုပါတယ်။

ဗီဒီယိုကြည့်ရန်- 

Source: aj+

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။