ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မောင်နဲ့ မင်းသမီး ရီရီပွင့်ဖြူတို့နှစ်ယောက်ကတော့ ဘဝလက်တွဲဖော်အရွယ်ရွေးချယ်ထားကြသူတွေဖြစ်ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ Relationship သက်တမ်းအတော်ကြာပြီဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြန်အလှန်ထားရှိပြီး သစ္စာရှိရှိလက်တွဲနေကြတာပဲ ဖြစ်ပါတယ်။ 

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

အနုပညာအလုပ်တွေကို လုပ်ကိုင်လေ့မရှိတော့ပေမယ့် ပရိသတ်အားပေးမှုကို ယနေ့တိုင် ရရှိနေကြဆဲပါ။ နှစ်ယောက်အတူ အသုံးပြုလေ့ရှိတဲ့ " SEIN PHYO & YI " ဖေ့ဘွတ်ပေစ့်လေးမှာလည်း vlogလေးတွေရိုက်ကူးတင်ပေးလေ့ရှိနေပြီး ကြည်နူးစရာပုံရိပ်လေးတွေကို အမြဲလိုလို ဝေမျှလေ့ရှိနေတာပါ။ ရွယ်တူတွေဖြစ်တဲ့ သူတို့နှစ်ယောက်က အမြဲလိုလို စနောက်လေ့ရှိပြီး ယနေ့မှာလည်း ရီရီပွင့်ဖြူက ချစ်သူလေး မောင်ကို စနောက်လိုက်ပြန်ပါတယ်။

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

ဒါကတော့ သူမရဲ့ ဖေ့ဘွတ်အကောင့် Mydayမှာ နှစ်ယောက်အတူ ပုံလေးကို တင်ပေးလာရင်း " ကြက်သမားအတွက် ကြက်ကင်နဲ့ ကြက်မွေကြော် သွားပို့ ၆ပေအကွာမှ " ဆိုပြီး ရေးသားကာ စနောက်ထားတာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ Relationship လေးဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်ရဲ့ စုံတွဲပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်...... ။

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

Source & Photo credit - Yi Yi Pwint Phyu's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။