မမဆောင်းလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးကြီး ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာနယ်ပယ်ထဲကို တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိနေပြီလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာကို အကောင်းဆုံး ပါဝင်သရုပ်ထားတဲ့အပြင် ကြော်ငြာတွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရသူပါ။ Covid တွေကြောင့် အပြင်မထွက်ရတဲ့ သူမက ပိုင်ဆိုင်တဲ့ ခြံဝန်းအကျယ်ကြီးထဲမှာ ကြော်ငြာတွေကို နေ့တိုင်းဆိုသလို လက်ခံရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။

Photo credit - Saung Eaindray Tun's Facebook Account

မမဆောင်းက အသက်ကြီးသွားပေမယ့်လည်း ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်နုပျိုနေကာ ချောမောလှပနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအစားပြေပြစ်တဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်လိုက်ဖက်လှပနေတာကိုလည်း တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဆောင်းအိန္ဒြေထွန်းက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ Tiktok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာပြန်ပါတယ်။

Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account

မမဆောင်းက ကြီးမားလှတဲ့ ကားကြီးကို မှီကာ ချွဲချွဲနွဲ့နွဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ဆော့ကစားထားတာပါ။ သီချင်းတွေကိုလည်း ကိုယ်တိုင်လိုက်ဆိုကာ ဆော့ကစားထားတဲ့ မမဆောင်းရဲ့ Tiktok တွေက ကြည့်မိသူတိုင်း ရင်ကို ထိမိသွားစေမှာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် Myanmarload မှ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account

Source & Photo credit - Saung Eaindray Tun's Facebook Account 

@31450284833

original sound - Phyu Phyu Htwe
@31450284833

original sound - KiM JuN PhYo - Kim Jun Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။