ဇာတ်ကားတစ်ကားပီပြင်အောင် ရိုက်ကူးထုတ်လွှင်နိုင်ဖို့ဆိုရင် ဇာတ်ဆောင် မင်းသား ၊ မင်းသမီးတွေသာမကပဲ ဇာတ်ပို့သရုပ်ဆောင်တွေကလည်း မပါမဖြစ် အရေးကြီးတဲ့သူတွေပါနော်။ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာမှ မျိုးမျိုးခိုင်က ဗီဒီယိုခေတ်ကတည်းက ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူပါ။ သူမက ယခုအချိန်ထိလဲ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo credit - Tint Sann's FB account
Photo credit - Tint Sann's FB account

ပရဟိတလုပ်ငန်းတွေမှာလည်း တက်စွမ်းသလောက် ပါဝင်လုပ်ဆောင်လေ့ရှိသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ် ။ ယနေ့ နိုဝင်ဘာလ ၁၀ရက်နေ့လေးကတော့ သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့မှာ ချစ်ခင်ပွန်းက ပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလည်း ဆိုထားပါသေးတယ်။

Photo credit - Tint Sann's FB account
Photo credit - Tint Sann's FB account

ဒါကတော့ "Happy Birthday ပါမိန်းမ မွေးနေ့မှာစိတ်ချမ်းသာကိုယ်ကျမ်းမာရှိပါစေ သာသနာအကျိုးလူအများကောင်းကျိုးဆထက်တစ်ပိုးထမ်းပိုးနိုင်ပါစေ မင်းချစ်တဲ့သားသမီးတွေနဲ့အတူ‌ ပျော် ရွှင်စွာနဲ့ဒီထက်မကကျွေးမွေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ် အလှူရေစက်လက်နဲ့မကွာလှူနိုင်ပါစေ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ဖတ်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit - Tint Sann's FB account
Photo credit - Tint Sann's FB account

Source & Photo credit - Tint Sann's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။