KIAနဲ့TNLAတပ်ဖွဲ့တွေဖောက်ခွဲမှုတွေလုပ်နိုင်ဟုမြန်မာ့တပ်မတော်အမည်ခံပြီးလာရှိုးမှာသတိပေးစာဝေ

ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAတို့က လာရှိုးမြို့လူစည်းကားရာနေရာများနှင့်အစိုးရရုံးများကိုဗုံးခွဲဖို့လေ့လာပြင်ဆင်နေပြီး မသင်္ကာစရာများတွေ့ရှိပါကအကြောင်းကြားဖို့မြန်မာ့တပ်မတော်က တိုက်တွန်းထားတယ်ဆိုတဲ့သတိပေးစာတွေ မြို့အတွင်းဝေဌခဲ့တာပါ

ဒီသတိပေးစာမှာပါတဲ့ဆက်သွယ်ရန်ဖုန်းနံပါတ်ဖော်ပြချက်အရ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်သန်းဆွေကတော့ဒီကိစ္စအတွက်ဘာတွေဆောင်ရွက်နေတယ်ဆိုတာလုံခြုံရေးအရပြောခွင့်မရှိပဲပြည်သူတွေပေးလာတဲ့သတင်းကိုမူတည်ပြီးဆောင်ရွက်သွားမယ်လို့Bbcကိုပြောပါတယ် အဆိုပါသတိပေးစာမှာဖော်ပြထားတဲ့ပုံတွေကတော့တပ်မတော်နဲ့ KIA TNLAတို့ပြည်ထောင်စုလမ်းမပေါ်မှာတိုက်ပွဲဖြစ်တုန်းက ဘတ်စ်ကားတွေဖျက်စီးထားပုံ လူတွေဒဏ်ရာရနေတဲ့ပုံတွေဖြစ်ပါတယ်

အခုလိုဖောက်ခွဲမှုဖြစ်နိုင်တယ်ဆိုတဲ့သတိပေးစာနဲ့ KIAရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ငြင်းဆိုထားပြီး KIAကိုသိက္ခာကျရန်တပ်မတော်ကလုပ်တာသာဖြစ်ကြောင်းပြန်လည်စွပ်စွဲထားပါတယ်

လားရှိူးဒေသခံတွေကမြို့အတွင်းအခြေနေအေးချမ်းနေတယ်လို့ပြောပြီးအထူးတလည်စိုးရိမ်မှုမရှိဘူးလို့ပြောပါတယ် ပြီးခဲ့တဲ့အပါတ်ကရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့TNLAနဲ့မြန်မာ့တပ်မတော်ကြားတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာလာရှိုးမြို့မှာလာရောက်ခိုလှုံနေဆဲဖြစ်ပါတယ်

သတင်းအရင်းမြစ် bbc burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။