ပရိသတ်ကြီးရေ Missတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ နန်းရွှေအေး (ဟန်လေး)ကတော့ တိုင်းရင်းသူလေးတစ်ယောက်ပါ ။ ဟန်လေးက အလှမယ် တစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပြည့်မှီသူဖြစ်ပြီး ဖြူဝင်းလှပတဲ့ အသားအရည်နဲ့ တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှတွေကြောင့် ပုရိသယောကျာ်လေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက်ရရှိထားသူပါနော်။ 

Photo credit - Nan Shwe Aye's Fb Account
Photo credit - Nan Shwe Aye's Fb Account

ဒါ့အပြင် သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးနဲ့ ပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် မြင်သူတိုင်းက အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။ ဟန်လေးက မိဘအပေါ်မှာလည်း သိတတ်လိမ္မာသူဖြစ်ပြီး မိသားစုကို လုပ်ကျွေးပြုစုနေသူပါနော်။ ယနေ့မှာတော့ ဟန်လေးက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ် Mydayမှာ မိခင်အတွက် ကြည်နူးစရာပုံရိပ်လေးတစ်ခုကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Nan Shwe Aye's Fb Account
Photo credit - Nan Shwe Aye's Fb Account

ပုံလေးက သိန်းပေါင်းများစွာတန်တဲ့ စိန်နားကပ်တစ်စုံဖြစ်ပြီး " ဒါလေး အမေ့အတွက်ဝယ်ပေးထားတာ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။

ကဲ...မိဘအပေါ်သိတတ်တဲ့ ဟန်လေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ Myanmar load မှ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်... ။

Photo credit - Nan Shwe Aye's Fb Account
Photo credit - Nan Shwe Aye's Fb Account

Source & Photo credit - Nan Shwe Aye's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။