Iris Jone လို့ခေါ်တဲ့ အသက် 80 အရွယ်အဘွားအိုတစ်ဦးဟာ မထင်မှတ်ပဲ facebook group တစ်ခုမှာ Mohamed ဆိုတဲ့ အသက် 38 နှစ်အရွယ်ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အပြန်အလှန်စကားတွေပြောကြရင်းနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းလေးဟာ တဖြေးဖြေးစတင်လာခဲ့ပါတယ်။

Photo credit - Daily Mail

အဲ့ဒီလိုနဲ့ Iris Jone ဟာ Mohamed ရှိတဲ့ အီဂျစ်ကို လာမလည်ခင်လေးမှာပဲ Mohamed ဟာ သူ့ရဲ့အချစ်တွေကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဒါ့ကြောင့် အသက် 80 အရွယ် Iris Jone ဟာ Mohamed ရှိတဲ့ အီဂျစ်ကို အမြန်ဆုံးသွားရောက်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ အချစ်မှတ်တိုင်လေးကို စတင်စိုက်ထူခဲ့ပါတယ်။

Photo credit - Daily Mail

အဲ့အချိန်ကစပီး သူတို့နှစ်ယောက်ဟာ မနာလိုသူတွေရဲ့ သွေးထိုးဂုန်းတိုက်စကားတွေကို လုံးဝနားမထောင်တော့ပဲ နှစ်ယောက်နဲ့ အနာဂတ်နဲ့ ပျော်ရွှင့်ဖို့အတွက်သာတွေးခဲ့ကြပါတယ်။

လက်ရှိမှာတော့ အသက်လေးဆယ်ကျော်လောက် ကွာဟတဲ့ သူတို့စုံတွဲလေးဟာ ရွှေလက်တွဲလို့ လက်ထပ်သွားခဲ့ပြီဖြစ်ပီး ကျန်ရှိနေတဲ့ လူ့သက်တမ်းလေးမှာ လုပ်ချင်တာလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်​နေသွားကြဖို့ကိုပဲ စဥ်းစားထားကြပါတယ်။

Photo credit - Daily Mail

Source- Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။