အိမ်ထောင်ဘက် အသီးသီး နှင့် ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အများကို အသိပေးခဲ့တဲ့ ဝိုင်းစုခိုင်သိန်းနှင့် အောင်လတို့ဟာ တစ်ယောက် နှင့် တစ်ယောက် ပျော်ရွှင်တဲ့ဘဝကို အနုပညာအလုပ်တွေ အတူတူလုပ်ရင်းကြည်နူးစွာဖြတ်သန်းနေကြပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးနှင့် ပတ်သက်ပြီး 'ကျွန်တော်တို့ အချစ်က ရင့်ကျက်လာတယ်။ ငယ်ငယ်တုန်းကလိုမျိုးပုံစံ မဟုတ်တော့ဘူး။ အနာဂတ်ကိုတွေးပြီး လုပ်ကြတာပိုများတာပေါ့နော်။ အပြောခံရတာတွေလဲရှိပေမယ့် ရင်ထဲက အချစ်စစ်က အဓိကပါဘဲ။' ဆိုပြီး Myanmar People Magazine' ကပြုလုပ်တဲ့ အင်တာဗျူးမှာပြောခဲ့ပါတယ်။

မကြာခင်မှာ ထွက်လာတော့မယ့် ဝိုင်းစုရဲ့ မယ်သီတာ mini album မှာ အောင်လနှင့် အတူ သီဆိုထားတဲ့ 'အနားမှာရှိရင်'ဆိုတဲ့သီချင်းတစ်ပုဒ်ပါဝင်ထားတယ်လို့သိရပါတယ်။ ထိုသီချင်းဟာ သူတို့ နှစ်ယောက်ရဲ့ လက်တလောဖြစ်ရပ် အကြောင်းကို ရေးထားတာဖြစ်တယ်'ဘာပဲဖြစ်နေဖြစ်နေ သူသာအနားမှာရှိရင် ကမ႓ာပျက်တာတောင် မကြောက်ဘူး'လို့ အောင်လကပြောခဲ့တယ်။

ဝိုင်းစုကလည်း 'ဒီလိုမျိုး သီချင်းလေး နှစ်ယောက်ဆိုခွင့်ရတဲ့ အတွက်ဝမ်းသာတယ်' ဆိုပြီးပြောခဲ့ပါတယ်။ သူမကို အောင်လကလည်း ဂစ်တာတီးသင်ပေးခဲ့ပြီး ဟာမိုနီအပိုင်း၊ အသံပိုင်းတွေကိုလည်း အကူအညီပေးခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာလထဲမှာလဲ Reason နှင့် Idot တို့ပေါင်းပြီးရှိုးပွဲကျင်းပလို့လဲသိရပါတယ်။

Source : Myanmar People Magazine, Duwunn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။