တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ရွှေထူးကတော့ အမြဲ အသစ်အသစ်သော အနုပညာဖန်တီးမှုတွေကို လူမှုကွန်ယက်ထက်မှာ ချပြလေ့ရှိသူပါ။ ရွှေထူးက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော တစ်လက်ဖြစ်တဲ့ ရွှေမှုန်ရတီနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာကိုလည်း ပရိသတ်တွေ အသိပါနော်။
အမြဲ Roဆန်ပြီး ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်တာကြောင့် လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုလည်း တစ်ခဲနက်ရရှိထားကြတာပါ။ အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေများစွာပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်က ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ အမြဲစစနောက်နောက်နေထိုင်တတ်တဲ့ ရွှေထူးက ယနေ့မှာလည်း စနောက်လာပြန်ပါတယ်နော်။
ဒါကတော့ ကားပေါ်မှာ သီချင်းဖွင့်နားထောင်နေတာကို လိုက်ဆိုရင်း စာသားမှားသွားတာဖြစ်လို့ ခေတ္တ အသံတိတ်ပြီး ရှက်သွားတဲ့ ဗီဒီယိုလေးကို Mydayစာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း ရယ်မောသွားရလောက်တဲ့ ရွှေထူးရဲ့ အခွီဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်.။ ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေကလည်း Comment မှာ တစ်ခုခုရေးသားခဲ့ပါအုန်းနော်.... ။
Source & Photo credit - Htoo Khant's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။