မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် အနုပညာနယ်ပယ်မှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်မကတောင် ရှိနေပါပြီနော်။ သက်မွန်ကလည်း အခုချိန်မှာဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်သူတစ်ယောက်ဖြစ်သလို ပရိသတ်အင်အားအများအပြားကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်ရွှေမင်းသမီးလေးဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက်ရိုက်ကူးနေရတဲ့ သူမက အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားသူပါ။

Photo credit - Daddy Tsit
Photo credit - Daddy Tsit

သက်မွန်က နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သားတစ်ယောက်သမီးတစ်ယောက် မွေးဖွားထားတာဖြစ်ပါတယ်။ ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် နုငယ်ပျိုမျစ်နေပြီး ဟိုးအရင်တုန်းကလို အလှအပတွေကလန်းဆန်းနေဆဲဖြစ်လို့ ပရိသတ်တွေကတောင် သက်မွန်ရဲ့အလှအပတွေကိုချီးကျူးနေရတာဖြစ်ပါတယ်။ ယခုလို Stay homeကာလမှာလည်း သက်မွန်က အရင်ကထက် ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးနဲ့ အလှတွေပိုတိုးလို့လာပါသေးတယ်။ 

Photo credit - Daddy Tsit
Photo credit - Daddy Tsit

မနေ့က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အသည်းယားစရာမျက်နှာလေးကို အနီးကပ်ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် " Mood လေးတော့ ရှိနေလိုက်တယ် ပြည့်ဖောင်းလေးကို ချစ်တဲ့သူ အားကျတဲ့သူ ရှိနေကြသေးတယ် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ သက်မွန်ရဲ့ ပုံလေးတွေကို ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Daddy Tsit
Photo credit - Daddy Tsit

Photo credit - Daddy Tsit

Source - Thet Mon Myint's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။