တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ရက် ၄၀ အရွယ်သာရှိသေးတဲ့ ကလေးငယ်လေးကို online ကနေရောင်းချခဲ့တယ်လို့သိရပါတယ်။

သူဟာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပီး Coronavirus crisis ကြောင့် အလုပ်ပြုတ်ပီး အလုပ်သစ်ရဖို့ ခက်ခဲနေသူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit - daily mail

၄င်းအမျိုးသားနဲ့ မိန်းမဖြစ်သူတို့ဟာ Covid ကြောင့် အလုပ်လက်မဲ့ဖြစ်ရာကနေ နောက်ပိုင်း ကျန်းမာရေးအခက်အခဲတွေကြောင့် အလုပ်လုံးဝရှာလို့မရခဲ့ပါဘူး။

ဒါ့ကြောင့် သူတို့ဟာ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ယောကျာ်းဖြစ်သူဟာ မိန်းမဆီက သဘောတူညီချက်ရဖို့ တရားမဝင်နည်းလမ်းတွေနဲ့ စွဲဆောင်ဖျားယောင်းခဲ့ပြီး သူတို့ရဲ့ ရက် ၄၀ အရွယ်ပဲရှိတဲ့ ကလေးလေးကို ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကလေးလေးကို ဝယ်ယူသူကတော့ Ms Wu ဆိုတဲ့သူစိမ်းတစ်ယောက်ဖြစ်ပြီး သူတို့

ရောင်းခဲ့တဲ့စျေးကတော့ ပေါင် 18,000 နဲ့ပဲဖြစ်ပါတယ်။

Photo credit - daily mail

အဲ့ဒီနောက် ဝယ်သူ Ms Wu ဟာကလေးကိုခေါ်ပြီး  ပြန်လာစဥ် ရထားဘူတာ တစ်ခုမှာ သံသယ​ဖြစ်ဖွယ်အမူအရာတွေကို တွေ့ရတာကြောင့် ရဲတွေကဖမ်းဆီးခဲ့ရာကနေ ဒီအ​ဖြစ်မှန်ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရဲတွေဟာ ဝယ်သူ Ms Wu နဲ့ ကလေးရဲ့မိဘတွေကို လူကုန်ကူးမှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်လို့ သိရပါတယ်။

မိဘတွေကလည်း ဘယ်လောက်တောင်ခက်ခဲလို့ ကိုယ့်ရဲ့ကလေးလေးကို လူစိမ်းတစ်ယောက်ဆီမှာ ရောင်းခဲ့ရတာလဲ မသိဘူးနော်ပရိသတ်ကြီး...

Photo credit - daily mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။