လက်မထပ်ခင်ချိန်းမတွေ့ရေးလှုံ့ဆော်မှုအင်ဒိုနီးရှားမှပြုလုပ်

အင်ဒိုနီးရှားနိုင်ငံမှာ အဆိုပါလှုံ့ဆော်မှုဟာ လူမူကွန်ရက်တွေမှာခေတ်စားနေပါတယ် အသက်၂၆အရွယ်ရှိသူ စာရေးဆရာ La Ode Munafarဟာဒီလှုံ့ဆော်မှု့ကိုလွန်ခဲ့တဲ့နှစ်နှစ်ကတည်းကစတင်ခဲ့ပြီး ချိန်းတွေ့တဲ့အဆင့်ကိုကျော်ကာတခါတည်းအိမ်ပြုဖို့တိုက်တွန်းပါတယ် လူငယ်တွေကိုကံကြမ္မာဆိုးကြုံစေမယ့်ချိန်းတွေ့မှုရဲ့သားကောင်ဖြစ်သွားမှာကိုစိုးရိမ်လို့ ဒီလိုလှုံ့ဆော်ရတာလို့သူကပြောပါတယ် ချိန်းတွေ့တာဟာ ခံစားမှုအတွက်သာဖြစ်ပြီးအချိန်ကုန်ငွေကုန်လူပင်ပန်းတယ်လို့ပြောပါတယ်

ဒီလှုံ့ဆော်မှုတွေကြီးထွားလာချိန်မှာပဲ အလယ်တန်းကျောင်းသားကျောင်းသူနှစ်ဦးအိမ်ထောင်ပြုသွားတဲ့သတင်းနဲ့ အသက်၁၆နှစ်အရွယ်ကောင်လေးနဲ့အသက်ရ၁နှစ်အရွယ်အမျိုးသမီးတို့ယူလိုက်တဲ့သတင်းတွေဆူမတြားမှာထွက်ပေါ်လာပါတယ် အသက်မပြည့်ပဲအိမ်ထောင်ပြုတဲ့ပြသနာဟာအင်ဒိုနီးရှားမှာကြီးထွားနေပြီး အသက်မပြည့်ပဲအိမ်ထောင်ပြုနှုန်းအများဆုံး၁ဝနိုင်ငံထဲပါဝင်နေပါတယ် unicefစစ်တမ်းများအရအသက်မပြည့်ပဲအိမ်ထောင်ပြုတဲ့မိန်းကလေး၁၄%ကနေ၃၅%ထိရှိနေပါတယ်

ဒီလိုလှုံ့ဆော်မှုတွေဟာလူ့အဖွဲ့အစည်းကိုပိုမိုဆိုးရွားစေတယ်လို့ လူမှုဝန်ထမ်းလုပ်ဆောင်သူတွေကပြောပါတယ် အင်ဒိုနီးရှာဥပဒေအရ မိဘခွင့်ပြုပါကအသက်၁၆နှစ်ပြီးမိန်းကလေးဟာ အသက်၁၉နှစ်ပြည့်ပြီးယောက်ျားလေးနဲ့ထိမ်းမြားလက်ထပ်ခွင့်ရှိပါတယ်

သတင်းအရင်းမြစ် VOA burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။