မော်ဒယ်လ်နဲ့သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့တဲ့ ချမ်းမီမီ ကိုကတော့ အနုပညာလောကထဲကို တဖန်ပြန်လည်ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ချမ်းမီမီကိုတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေနားထားတာဖြစ်ပြီး ယခုအချိန်မှာတော့ သားသားလေးတစ်ယောက်နဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာတာဖြစ်လို့ အားလုံးကလည်း ဝမ်းသာပျော်ရွှင်နေမယ် ထင်ပါတယ်။ 

Photo credit - Chan Mi Mi Ko's Fb Account
Photo credit - Chan Mi Mi Ko's Fb Account

မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို ဟာ အိမ်ထောင်မပြုခင်အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပါ။ ယခုလို အချိန်မှာ အသစ်ကစလို့ ပြန်လည်ကြိုးစားနေတာဖြစ်ပြီး ပရိသတ်အချစ်ပိုစေမယ့် အရာလေးတွေကို ရွေးချယ်ပြုလုပ်လေ့ရှိတာပါ။ ယနေ့မှာလည်း ပရိသတ်တွေအတွက် အမြင်ဆန်းလေးဖြစ်စေမယ့် ကလေးဘဝအရွယ်က ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo credit - Chan Mi Mi Ko's Fb Account
Photo credit - Chan Mi Mi Ko's Fb Account

ငယ်ရုပ်မပြောင်းပဲ ပိုပိုလှလာတဲ့ ချမ်းမီမီကိုကတော့ ကလေးဘဝက ပုံများစွာအပြင် " ငယ်စဉ်ကပုံဟောင်းလေး နှင့်ယခုပုံ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ... ပရိသတ်တွေလည်း ချမ်းမီမီကို ပုံလေးတွေကို ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.....။

Photo credit - Chan Mi Mi Ko's Fb Account
Photo credit - Chan Mi Mi Ko's Fb Account
Photo credit - Chan Mi Mi Ko's Fb Account

Source & Photo credit - Chan Mi Mi Ko's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။