ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ်မလေး ဖြစ်တဲ့ Mဆိုင်းလု ကတော့ မြန်မာနိုင်ငံအနုပညာလောကရဲ့ ထိပ်တန်းမော်ဒယ်လ်မလေးတစ်ယောက်ဖြစ်သလို သီချင်း MTV တွေ နဲ့ ကြော်ငြာတွေမှာ မကြာခဏ တွေမြင်နေရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ်၊မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ မနောမြေကနေ ပေါက်ဖွားလာတဲ့ ဂျိန်းဖောသူ ခေါ် ကချင်တိုင်းရင်းသူလေးဖြစ်ပြီး တိုင်းရင်းသူ ဖြစ်တဲ့ အလျောက် လှပတဲ့ အသားအရေနဲ့ မျက်နာကို ပိုင်ဆိုင်ထားသူပါ။

Photo credit - M SENG LU'S FB ACCOUNT
Photo credit - M SENG LU'S FB ACCOUNT

ပိန်ပိန်းပါးပါး ကိုယ်ခန္ဓာအချိုးအစားလေးနဲ့အတူ ကျန်းမာရေးလိုက်စားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး အကပညာကိုလည်း ဝါသနာပါသူလေးပါ။ 

သူမက Cover Dance တွေကိုလည်း မကြာခဏဆိုသလို ကပြဖျော်ဖြေလေ့ရှိပြီး အားလပ်ချိန်လေးတွေမှာလည်း Tiktok ဆော့ကစားလေ့ရှိသူပါနော်။ 

Photo credit - M SENG LU'S FB ACCOUNT
Photo credit - M SENG LU'S FB ACCOUNT

ယနေ့မှာလည်း ဆိုင်းလုက Tiktok မှာ နာမည်ကြီးနေတဲ့ နိုင်ငံခြားသီချင်းလေးနဲ့ အမိုက်စားကပြထားတာပါ။ ကကွက်အလန်းလေးတွေနဲ့ စည်းချက်ညီညီ ကပြထားတဲ့ ဆိုင်းလုရဲ့ ဗီဒီယိုလေးက မိနစ်အနည်းငယ်အတွင်း ကြည့်ရှုသူများစွာရရှိခဲ့တာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုမိမှာအသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်...... ။

Photo credit - M SENG LU'S FB ACCOUNT
Photo credit - M SENG LU'S FB ACCOUNT

Source & Photo credit - M SENG LU'S FB ACCOUNT 

@msenglu

Hi ##msenglutiktok ##tiktokmyanmar

Becky G - Shower - tee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။