အောင်‌သူနဲ့ဘယ်‌သူတွဲ‌ဆော့မလဲ


ဆီးဂိမ်‌းပြိုင်‌ပွဲဝင်‌မယ်‌့မြန်‌မာအသင်‌းမှာပြဿနာတစ်‌ခုရှိ‌နေပါတယ်‌။ဒါက‌တော့‌ရှေ့တန်‌းမှာ‌အောင်‌သူနဲ့ဘယ်‌သူတွဲ‌ဆော့မလဲဆိုတာပါပဲ။မြန်‌မာအသင်‌းရဲ့‌ရှေ့တန်‌းမှာ‌အောင်‌သူရှိ‌နေခြင်‌းဟာအားသာချက်‌တစ်‌ရပ်‌ဖြစ်‌ပြီး‌တစ်‌ချိန်‌တည်‌းမှာပဲ‌အောင်‌သူနဲ့တွဲကစားမယ်‌့တိုက်‌စစ်‌မှူးမရှိခြင်‌းဟာလည်‌းပြဿနာတစ်‌ခုဖြစ်‌လာပါတယ်‌။

ပြီးခဲ့တဲ့KBZ ဖလားပွဲမှာ‌မောင်‌‌မောင်‌လွင်‌ကို‌အောင်‌သူနဲ့တွဲ‌ဆော့ခိုင်‌းခဲ့‌ပေမယ်‌့ဒါဟာအ‌ဖြေမဟုတ်‌ပါဘူး။‌လော‌လောဆယ်‌‌အောင်‌သူနဲ့တွဲကစားဖို့‌ရွေးထားတဲ့တိုက်‌စစ်‌မှူး‌လေးဦးရှိ‌နေပါတယ်‌။သူတို့က‌တော့သန်‌းပိုင်‌၊‌အောင်‌‌ကောင်‌းမာန်‌၊‌ရွှေကို၊ရှိုင်‌းသူရတို့ပါ။

သူတို့‌လေး‌ယောက်‌ကိုကစားပုံအရထပ်‌ခွဲကြည်‌့မယ်‌ဆိုရင်‌ ၁၈ကိုက်‌စည်‌းထဲမှာလှုပ်‌ရှားတတ်‌တဲ့သန်‌းပိုင်‌န့‌ဲရွှေကို၊

ရုန်‌းအားတိုးအား‌တွေနဲ့ကစားတတ်‌တဲ့‌အောင်‌‌ကောင်‌းမာန်‌၊ရှိုင်‌းသူရလို့ထပ်‌ခွဲလို့ရပါတယ်‌။


သန်‌းပိုင်‌၊‌အောင်‌သူဟာ အတွဲညီခဲ့‌ပေမယ်‌့အခုအချိန်‌မှာ‌သန်‌းပိုင်‌‌ခြေပျက်‌‌နေပါတယ်‌။ဒါ‌ကြောင်‌့လာမယ်‌့ပွဲ‌တွေမှာ‌ရွှေကိုကိုစမ်‌းသုံးကြည်‌့သင်‌့ပါတယ်‌။

‌ရွှေကိုဟာ ၁၈ကိုက်‌စည်‌းထဲမှာလှုပ်‌ရှားရာမှာထူးချွန်‌ပြီးဂိုးသွင်‌းလည်‌း‌သေသပ်‌သူတစ်‌‌ယောက်‌ဆိုတာ ပြီးခဲ့တဲ့ယူ ၁၉ ပြိုင်‌ပွဲ‌တွေမှာ‌တွေ့မြင်‌ကြပြီးသားပါ။


‌အောင်‌‌ကောင်‌းမာန်‌နဲ့ရှိုင်‌းသူရက‌တော့ ‌နေရာလွတ်‌‌တွေရှာရာမှာထူးချွန်‌တဲ့ကစားသမား‌တွေဖြစ်‌ပြီး၊‌အောင်‌သူနဲ့ကစားပုံသွားဆင်‌‌နေပါတယ်‌။သူတို့၂‌ယောက်‌ထဲကတစ‌်‌‌ယောက်‌‌ယောက်‌နဲ့‌အောင်‌သူ

တွဲကစားမယ်‌ဆိုရင်‌‌တော့ကစားပုံသွားထပ်‌‌နေတဲ့ပြဿနာရှိနိုင်‌ပါတယ်‌။ဒါ‌ကြောင်‌့‌လော‌လောဆယ်‌အဖြစ်‌သင်‌့ဆုံးဟာ

‌အောင်‌သူ၊‌ရွှေကို အတွဲအစပ်‌ပါပဲ။‌ရွှေကိုဟာအ‌တွေ့အကြုံနည်‌း‌နေ‌ပေမယ်‌့သူ့ကိုအခွင်‌့အ‌ရေး‌ပေးသင်‌့ပါတယ်‌။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။