ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ အားလုံးရဲ့အချစ်ကို ရရှိထားသူ ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူမက အနုပညာအလုပ်လောကနဲ့ အဆက်အသွယ်ပြတ်နေခဲ့ပြီး မကြာသေးခင်အချိန်ကမှ တစ်ဖန် ပြန်လည်ဝင်ရောက်လာခဲ့သူပါ။

Photo credit - Htet Htet Moe Oo's Facebook Page
Photo credit - Htet Htet Moe Oo's Facebook Page

ထက်ထက်က ကြော်ငြာတွေနဲ့ပဲ နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပြီး ယခုမှာလည်း အွန်လိုင်းပေါ်မှာ Liveလွင့်ကာ စျေးရောင်းကြော်ငြာပေးနေသူပါ။ မိုးကုတ်သူဖြစ်တဲ့ ထက်ထက်က ရတနာပစ္စည်းတွေကို သူမ နားလည်တက်ကျွမ်းသလောက် ရောင်းကူနေတာဖြစ်ပြီး ပရိသတ်အချစ်တွေကို တဖန်ရယူထားတာပဲ ဖြစ်ပါတယ်။ ကြော်ငြာဘုရင်မလို့ ခေါ်ဝေါ်ရတဲ့အထိ များစွာသော ကုန်ပစ္စည်းတွေကို ရိုက်ကူးခဲ့ရတဲ့ သူမက ရိုက်ကွင်းထက်က အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှပေးလေ့ရှိနေတာပါ။

Photo credit - Htet Htet Moe Oo's Facebook Page
Photo credit - Htet Htet Moe Oo's Facebook Page

ယနေ့မှာလည်း ထက်ထက်က ရွေပုံတွေကြားမှာ အရောင်တလက်လက်တောက်ပနေတဲ့ ချစ်စရာပုံရိပ်လေးကို တင်ပေးလာပြန်ပါတယ်။ ပုံလေးတွေထဲမှာ ထက်ထက်က အသည်းယားစရာကောင်းလောက်အောင် ရယ်မောပျော်ရွှင်နေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်... ။

Photo credit - Htet Htet Moe Oo's Facebook Page
Photo credit - Htet Htet Moe Oo's Facebook Page

Source & Photo credit - Htet Htet Moe Oo's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။