ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေထဲမှာ မသိသူ မရှိသလောက်ကို ရှားပါတယ်နော်။ စမိုင်းလ်က အနုပညာလှုပ်ရှားမှုတွေများစွာကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး အနုပညာလောကမှာလည်း နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit - Smile 's Facebook Page
Photo credit - Smile 's Facebook Page

အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ စမိုင်းလ်ရဲ့ မိသားစုလေးကိုလည်း ပရိသတ်တွေက အားကျချစ်ခင်နေကြပါသေးတယ်။ အလိုလိုက်ပြီး ကြင်နာဂရုစိုက်မှုတွေ အပြည့်ပေးတဲ့ ခင်ပွန်းနဲ့အတူ သမီးချောလေး နှစ်ယောက်ကလည်း စမိုင်းလ်ကို အမြဲခွန်အားဖြစ်စေခဲ့ပြီး ကြည်နှုးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သမီးလေးနှစ်ယောက်ကိုလည်း စမိုင်းလ်က အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်နိုင်အောင် ကူညီပံ့ပိုးပေးနေတာကိုလည်း တွေ့ရပါတယ်......။

Photo credit - Smile 's Facebook Page
Photo credit - Smile 's Facebook Page

အမြဲ မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတဲ့ စမိုင်းလ်က ယနေ့မှာလည်း တင်ပေးလာပြန်ပါပြီ။ အပြင်သွားဖို့ ပြင်ဆင်နေကြတဲ့ သူမရဲ့ မိသားစုပုံကို တင်ပေးရင်း " New normal မှာအပြင်ထွက်ပုံစတိုင်။ တော်တော်နေသားကျလာပါပြီ mask နဲ့အပြင်ထွက်ရတာ " ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Smile 's Facebook Page
Photo credit - Smile 's Facebook Page

Photo credit - Smile 's Facebook Page 

Source - Smile 's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။