အပြုံးချိုချိုလေးနဲ့ ပုရိသတွေကို ရင်ခုန်အောင် ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမဟာ ကြော်ငြာတွေရိုက်ကူးရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း အားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ နော်ဖောဟာ ရုပ်သံဇာတ်လမ်းတွဲများ ပါဝင်ရိုက်ကူးနေပြီပဲဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကို တွေ့ရပါတယ်။ 

Photo credit - Naw Phaw Eh Htar's Facebook Account

သွယ်လျကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကိုပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် တစ်မျိုးလေး လှသွေးကြွယ်နေပြီး ချစ်စရာကောင်းတဲ့ သူလေးပါနော်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ Photo Shooting တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ Photo Shoot အလန်းလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ သူမက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။

Photo credit - Naw Phaw Eh Htar's Facebook Account

နော်ဖောက " အချစ်စစ်ရှိရာ အရပ်မှာဘဲ နေပါမည် " ဆိုတဲ့ စာသားလေးနဲ့အတူ ပုရိသပရိသတ်တွေ ကြွေဆင်းသွားရလောက်အောင် ကျော့ရှင်းလှပတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေတိုင်းက ပြစ်ချက်မရှိ လှပလွန်းနေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။

Photo credit - Naw Phaw Eh Htar's Facebook Account
Photo credit - Naw Phaw Eh Htar's Facebook Account

Photo credit - Naw Phaw Eh Htar's Facebook Account 

Source - Naw Phaw Eh Htar's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။