လူကြမ်းနေရာမှ အမြဲတမ်းလိုလို ပီပြင်စွာ သရုပ်ဆောင်တဲ့ အနုပညာရှင် နိုင်လူဟာ ချစ်စဖွယ်ကောင်းပြီး ပရိသတ်တွေရဲ့ အချစ်ကို ရနေတဲ့ သမီးလေး ခေတ်ဆည်ဆာ ရဲ့ ဖခင်ဖြစ်ပါတယ်။ အသက်ကြီးမှ ရတဲ့ ကလေးဖြစ်ပြီး ရလ အရွယ်ဘဲ ရှိသေးတယ်လို့သိရပါတယ်။ အသက်တစ်နှစ် ကြီးလာတာနှင့် အမျှ ဘာသာတရားအတွက်ပိုပြီး အချိန်ပေးဖြစ်လာပြီး သူ့ရဲ့ သားသမီးလေးတွေ အတွက် တိုင်းပြည်အတွက်သူဘာလုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားဖြစ်နေတယ်ဆိုပြီးပြောပါတယ်။

သူ့ရဲ့ ကလေးတွေကို ပညာတတ်တွေဖြစ်ပြီး အများကြားမှာ မျက်နှာမငယ်ရဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ သူလေးတွေ ဖြစ်စေချင်တယ်ဆိုပြီးပြောခဲ့ပါတယ်။ ကလေးတွေ စီ က ဘာပြန်ရမလဲ ဆိုတာထက် ကလေးတွေကို ဘာပြန်လုပ်ပေးနိုင်မလဲဆိုတာဘဲတွေးမိနေကြောင်းပြောခဲ့ပါတယ်။

သမီးလေး ခေတ်ဆည်ဆာ က ယခုဆို ဖေဖေ လို့ ခေါ်နေပြီ ဖြစ်ကြောင်းသိရှိရပြီး ကိုနိုင်လူကတော့ ကလေးကို အောင်မြင်တဲ့ အနုပညာရှင် မင်းသမီးလေးဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ကိုနိုင်လူရဲ့ မိန်းမကတော့ ကလေးတွေကို ပညာတတ်ဖြစ်စေချင်ပြီး ပညာတတ်ပြီးမှဘဲ ကိုယ်ဝါသနာပါတာကိုလုပ်စေချင်တယ်ဆိုပြီးပြောခဲ့ပါတယ်။

Source : Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။