ချစ်ပရိသတ်ကြီးရေ အဆိုတော် ဆန်းသစ်လကတော့ အသည်းယားစရာကောင်းတဲ့ သမီးငယ်လေးကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သမီးလေးက လသားအရွယ်လေးဖြစ်ပြီး ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရဲ့ အသည်းကျော်လေးပါနော်။ ဆန်းသစ်လ က အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်အားပေးမှုကိုတော့ ယနေ့တိုင် ရရှိနေဆဲပါ။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

ဆန်းသစ်လကလည်း လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ မှတ်တမ်းတင်လေ့ရှိတာကို တွေ့ရပါတယ်။ ယနေ့မှာလည်း သူမက သမီးလေးရဲ့ အသည်းယားစရာဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက် Facebook Mydayထက်မှာ မျှဝေ​ထားပါသေးတယ်။ ဒါကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သမီးလေးကို ချော့မြူ စနောက်နေခဲ့တာဖြစ်ပြီး လသားအရွယ်သမီးလေးက ချစ်စရာကောင်းလောက်အောင် ပြန်လည်တုန့်ပြန်လာတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

ကြည့်မိသူတိုင်း ရယ်မော အချစ်ပိုစေလောက်တဲ့ သမီးငယ်လေးရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါ့အပြင် ဆန်းသစ်လတို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ကဲ...ပရိသတ်တွေကလည်း ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

Source & Photo credit - San Thit La's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။