ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတာမကြာသေးပေမယ့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ အရယူထားနိုင်တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ပဲ ဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင်အားဖြည့်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ music video တွေနဲ့ ကြော်ငြာတွေကိုလည်း များစွာရိုက်ကူးနေကာ အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

သူမက ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်ပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တက်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေ က ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်လင်းရိုးသားပြီး လူအများအပေါ် ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံတတ်တာကြောင့် မြင်သူတိုင်းက အားပေးအချစ်ပိုနေတာပါ။ 

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ယနေ့မှာလည်း ကြည့်မိသူတိုင်း အချစ်ပိုစေလောက်တဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က လူမှုကွန်ယက်ထက်မှာ ဝေမျှလာပြန်ပါတယ်။ ဒါကတော့ အိပ်ယာနိုးနိုးချင်း မပြင်ဆင်ထားတဲ့ မျက်နှာပြောင်နဲ့ အသည်းယားစရာကောင်းလောက်အောင် ရိုက်ကူးပိုစ့်ပေးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit - Saung Yoon San's Facebook Account

Source & Photo credit - Saung Yoon San's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။