မိုးမိုး ဟာဆိုရင် အဆိုတော်တစ်ဦးအဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး သူ့ရဲ့သီချင်းခွေတွေဟာလည်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားပြီး လူကြိုက်များခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားသံစဉ်တွေကိုဖန်တီးတတ်ပြီး ပရိသတ်သဘောကျတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့ ယနေ့တိုင် ပရိသတ်ရင်ထဲ ထင်ကျန်နေဆဲဖြစ်ပါတယ်။

Photo credit - Moe Sithu Kyaw's Facebook Account
Photo credit - Moe Sithu Kyaw's Facebook Account

အဆိုတော် မိုးမိုးဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိသူပါ။ မိုးမိုးက အိမ်မှူကိစ္စနိုင်နင်းတဲ့ ချစ်ဇနီးချောလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သမီးတစ်ယောက် သားလေးတစ်ယောက်ကိုလည်း မွေးဖွားပိုင်ဆိုင်ထားပါသေးတယ်။

Photo credit - Moe Sithu Kyaw's Facebook Account
Photo credit - Moe Sithu Kyaw's Facebook Account

ယနေ့မှာတော့ မိုးမိုးက သူရဲ့ ချစ်ဇနီးချောလေး ကန်တော့ထားတဲ့ ဖုန်းအသစ်စက်စက်ပုံလေးကို တင်ပေးလာတာပါ။ ပုံလေးအပြင် " မိန်းမရဲ့ သီတင်းကျွတ်လက်ဆောင်ကန်တော့တဲ့ ဖုန်းလေးပါတဲ့ ကျေးဇူးပါ ဘုဘုရေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်.......။

Photo credit - Moe Sithu Kyaw's Facebook Account
Photo credit - Moe Sithu Kyaw's Facebook Account

Source & Photo credit - Moe Sithu Kyaw's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။