ပရိသတ်ကြီးရေ လူငယ်အနုပညာရှင်လေးတွေဖြစ်ကြတဲ့ သရုပ်ဆောင် ယွန်းယွန်းနဲ့ သဇင်ထူးမြင့်က တကယ့်ကို အရည်အချင်းပြည့်ဝသူတွေပါနော်။ သက်တူရွယ်တူ သူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်က အမျိုးသားပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အသားအရည်ဖြူဖြူဖွေးဖွေးလေးတွေနဲ့ အသည်းယားစရာရုပ်ရည်လေးတွေကြောင့် မြင်သူတိုင်းက အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Thazin Htoo Myint's Facebook account
Photo credit - Thazin Htoo Myint's Facebook account

ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်း နှစ်ယောက်က အမြဲ စစနောက်နောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေဖြစ်ပြီး အရမ်းကို ချစ်ကြတဲ့ သူတွေပါ။ အနုပညာအလုပ်တွေကို အတူတွဲဖက် လုပ်ကိုင်တာမျိုး မရှိသေးပေမယ့် ဘယ်သွားသွား ဘာလုပ်လုပ် အမြဲ ပူးတွဲမြင်ရလေ့ရှိပါတယ်။ ယနေ့မှာလည်း သူငယ်ချင်း နှစ်ယောက်က ဆောင်းမနက်ရဲ့ အစောပိုင်းလေးမှာ လေ့ကျင့်ခန်းအတူတူလုပ်နေတာပါ။

Photo credit - Thazin Htoo Myint's Facebook account
Photo credit - Thazin Htoo Myint's Facebook account

ချွေးတွေစိုရွှဲနေတဲ့ နှစ်ယောက်အတူ ပုံလေးကို တင်ပေးလာရင်း " နံနက် ၅နာရီထပြီး လမ်းလျှောက်နိုင်ခဲ့ပြီ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ အရမ်းကို ချစ်ကြပြီး အနုပညာအလုပ်တွေမှာ ဝါသနာတူတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ နှစ်ယောက်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ သူတို့ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်...... ။

Photo credit - Thazin Htoo Myint's Facebook account

Source & Photo credit - Thazin Htoo Myint's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။