ရုရှားနိုင်ငံ အာတိတ်ရေခဲပြင်ဒေသက ဆိုက်ဘေးရီးယား အနောက်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ အဆိုပါ လူမျိုးတွေကို တစ်ကမ္ဘာ့လုံးက သွေးစုပ်ဖုတ်ကောင်လို့ခေါ်ကြပါတယ်။

သူတို့ကတော့ Nenets လူမျိုးစုဝင်တွေဖြစ်ပီး ဒရယ်မွေးခြင်း အမဲလိုက်ခြင်း အလုပ်တွေကိုသာလုပ်ကိုင်ပြီး တောတောင်တွေနဲ့အတူ ရေခဲပြင်ဒေသတွေမှာပဲနေထိုင်ကြတာပါ။

photo credit - google
photo credit - google

၄င်းဒေသမှာတော့ လူဦးရေစုစုပေါင်း ၄ သောင်းကျော်ခန့်နေထိုင်ကြပြီး တစ်ကမ္ဘာ့လုံးကတော့ သူတို့ကို သွေးစုတ်ဖုတ်ကောင်လူမျိုးစုလို့ အမည်ပေးထားကြပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ဒီလူမျိုးတွေဟာ သားကောင်တွေ ၊ငါးတွေကို ရတဲ့ အခါ မချက်ဘဲ အစိမ်းလိုက်စားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

photo credit - google
photo credit - google

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်တွေထဲမှာဆိုရင်လည်း ကလေးကအစ လူကြီးပါအကျန် အကုန်လုံး အသားတွေကို အစိမ်းလိုက်စားနေတာကို မြင်တွေ့နိုင်ပါတယ်။

အစားစားနေရင်း ပါးစပ်တွေမှာပါ သွေးတွေပေကျန်နေပေမယ့် သူတို့ပုံစံလေးတွေဟာ အစားစားသောက်နေရလို့ ပျော်နေတဲ့ပုံပါပဲ။

ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် Nenets လူမျိုးစုအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

photo credit - google
photo credit - google

Source - nytimes

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။