ကမ္ဘာပေါ်က အကြီးကျယ်ဆုံးအားကစားဆုဖြစ်တဲ့အိုလံပစ် ဆုတံဆိပ်တွေဟာ ရွှေဆိုရွှေ၊ ငွေဆိုငွေ၊ ကြေးဆိုကြေးနဲ့ လုပ်ထားတာလို့သင်ထင်ပါသလား။ အားကစားသမားတွေ သိပ်တန်ဖိုးထားရတဲ့ သူတို့ရဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့ အိုလံပစ်ဆုတံဆိပ်ဟာ သတ်မှတ်ထားတဲ့သတ္တုအတိုင်း ပြုလုပ်ထားတာဆိုရင် သင်မှားသွားပါလိ်မ့်မယ်။

ရွှေတံဆိပ်ဆုမှာဆို ရွှေနဲ့ချည်းလုပ်ထားတယ်လို့သင်ထင်ပါသလား။ သင့်အထင်နဲ့နည်းနည်းတောင် မနီးစပ်ပါဘူး။ ရွှေတံဆိပ်ဆုမှာရွှေဟာ နည်းနည်းလေး ပါတယ်ဆိုရုံ အမှုန့်ပမာဏလောက်ပဲပါတာဖြစ်ပါတယ်။ ၁၉၁၂ခုနှစ်ကစပြီး ရွှေတံဆိပ်ဆုကိုရွှေနဲ့မလုပ်ကြတော့တာပါ။ လက်ရှိ အိုလံပစ်ရွှေတံဆိအ်ဆုဟာ ဒေါ်လာ ၅၆၅ တန်ဖိုးရှိပြီး တကယ့်ရွှေအပြည့်နဲ့လုပ်ထားတာဆိုရင်တော့ ဒေါ်လာ ၂၁,၂ဝဝတန်ဖိုးရှိနေမှာပါ။

ကြေးတံဆိပ်ဟာဆိုရင်လဲ သွားတိုက်ဆေးတစ်ဘူးစာ ဒေါ်လာ ၂.၁၈တန်ဖိုးပဲရှိပါတယ်တဲ့။ ကဲ၊ တန်ဖိုးက အရေးကြီးတာလား၊ ဂုဏ်ကအရေးကြီးတာလား စဉ်းစားစရာပဲနော်။

Source : Yahoo! Sports

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။